Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsမန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်

 

မန္တလေးမြို့ မန္တလေးတောင်ခြေအနီးရို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ အရှေ့ဘက်ရှိ လုံ ခြုံရေးဂိတ်ကို ဆိုင်ကယ်စီးသူ နှစ်ဦး က လက်ပစ်ဗုံးဖြင့် ယနေ့ မနက် ၈နာရီခန့်က ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့ထံက သိရသည်။

ကြီးမားသည့် ထိခိုက်ပျက်စီးမှု မရှိခဲ့ဟု တာဝန်ရှိသူတစ်ဦးကပြောပြသည်။ယင်းအပြင်ယနေ့နံနက် ၁၁နာရီ၂၀မိနစ်တွင်လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအနောက်ဘက်ကွင်းပြင်တွင်လည်း ထပ်မံပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

“မနက်ပိုင်းက ဂိတ်ခေါင်မိုးပေါ် ကျပြီးပေါက်ကွဲတယ်လို့ သိရတယ်။ဆိုင်ကယ်မောင်းလာတဲ့ သူက ပစ်ပေါက်လိုက်တာ။အပျက်အစီးကြီးကြီးမားမားတော့ မရှိဘူးလို့ သိရပါတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

မနက် ၁၁နာရီ ၂၀တွင် ဖြစ်ပေါ်ခဲ့သောလွှတ်တော်ရုံးအနောက်ဘက်ကွင်းပြင်တွင် ပေါက်ကွဲမှုက လူမရှိသည့် ကွင်းပြင်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောဆိုသည်။

ယနေ့ မနက် မန္တလေးတွင် လွှတ်တော်ရုံးရှေ့ လုံခြုံရေးဂိတ် လက်ပစ်ဗုံးပစ်ပေါက်ခံခဲ့ရမှုအပြင် လွှတ်တော်ရုံးအနောက်ဘက် ကွင်းပြင် ပေါက်ကွဲမှုတို့နှင့်အတူ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊ ၈၆လမ်း နှင့်၈၇လမ်းကြားရှိ အောင်မြေသာစံရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်။

“ဗုံးပေါက်သံတွေရော၊သေနတ်သံတွေရော ကြားရတယ်။ဘာဖြစ်ကြတာလည်းတော့ မသိဘူး။နောက်တော့မှ ရပ်ကွက်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်ဆိုတဲ့ သတင်းကြားရတယ်”ဟု အနီးနားရှိ မြို့ခံတစ်ဦးကပြောပြသည်။

ယမန်နေ့ကလည်း မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၁လမ်း၊ ၂၆-၂၇ လမ်းကြားရှိ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် ဘဏ်တံခါးပျက်စီးမှုဖြစ်ပေါ်ခဲ့သေးသည်။

Zaw Gyi

မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးအတြင္း ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ေပၚ

မႏၲေလးၿမိဳ႕ မႏၲေလးေတာင္ေျခအနီး႐ို မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံး၏ အေရွ႕ဘက္ရွိ လုံ ၿခဳံေရးဂိတ္ကို ဆိုင္ကယ္စီးသူ ႏွစ္ဦး က လက္ပစ္ဗုံးျဖင့္ ယေန႔ မနက္ ၈နာရီခန႔္က ပစ္ေပါက္ခဲ့၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတို႔ထံက သိရသည္။

ႀကီးမားသည့္ ထိခိုက္ပ်က္စီးမႈ မရွိခဲ့ဟု တာဝန္ရွိသူတစ္ဦးကေျပာျပသည္။ယင္းအျပင္ယေန႔နံနက္ ၁၁နာရီ၂၀မိနစ္တြင္လည္း မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးအေနာက္ဘက္ကြင္းျပင္တြင္လည္း ထပ္မံေပါက္ကြဲမႈျဖစ္ေပၚခဲ့သည္ဟုလည္း သိရသည္။

“မနက္ပိုင္းက ဂိတ္ေခါင္မိုးေပၚ က်ၿပီးေပါက္ကြဲတယ္လို႔ သိရတယ္။ဆိုင္ကယ္ေမာင္းလာတဲ့ သူက ပစ္ေပါက္လိုက္တာ။အပ်က္အစီးႀကီးႀကီးမားမားေတာ့ မရွိဘူးလို႔ သိရပါတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

မနက္ ၁၁နာရီ ၂၀တြင္ ျဖစ္ေပၚခဲ့ေသာလႊတ္ေတာ္႐ုံးအေနာက္ဘက္ကြင္းျပင္တြင္ ေပါက္ကြဲမႈက လူမရွိသည့္ ကြင္းျပင္ျဖစ္ေသာေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိဟု လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူက ေျပာဆိုသည္။

ယေန႔ မနက္ မႏၲေလးတြင္ လႊတ္ေတာ္႐ုံးေရွ႕ လုံၿခဳံေရးဂိတ္ လက္ပစ္ဗုံးပစ္ေပါက္ခံခဲ့ရမႈအျပင္ လႊတ္ေတာ္႐ုံးအေနာက္ဘက္ ကြင္းျပင္ ေပါက္ကြဲမႈတို႔ႏွင့္အတူ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၉လမ္း၊ ၈၆လမ္း ႏွင့္၈၇လမ္းၾကားရွိ ေအာင္ေျမသာစံရပ္ကြက္အုပ္ခ်ဳပ္ေရး မႉး႐ုံး လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခံခဲ့ရသည္။

“ဗုံးေပါက္သံေတြေရာ၊ေသနတ္သံေတြေရာ ၾကားရတယ္။ဘာျဖစ္ၾကတာလည္းေတာ့ မသိဘူး။ေနာက္ေတာ့မွ ရပ္ကြက္႐ုံး လက္ပစ္ဗုံးနဲ႔ ပစ္ခံရတယ္ဆိုတဲ့ သတင္းၾကားရတယ္”ဟု အနီးနားရွိ ၿမိဳ႕ခံတစ္ဦးကေျပာျပသည္။

ယမန္ေန႔ကလည္း မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၁လမ္း၊ ၂၆-၂၇ လမ္းၾကားရွိ ျမဝတီဘဏ္ကို လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့သျဖင့္ ဘဏ္လုံၿခဳံေရးဝန္ထမ္းတစ္ဦးအပါအဝင္ ၃ဦးထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ဘဏ္တံခါးပ်က္စီးမႈျဖစ္ေပၚခဲ့ေသးသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071