မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်းကို ယနေ့ စက်တင်ဘာ(၁၂)ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်ကို ခန့်အပ်လိုက်ကြောင်း နှင့် ဦးစောမျိုးမျိုး ကို မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ ပုဒ်မခွဲ(ခ)အရ ခန့်အပ်တာဝန်ပေးအပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
