Friday, July 24, 2026

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...

ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ...

နေပြည်တော်၊ ဇူလိုင် ၂၄ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင်...
HomeNewsLocal Newsမန္တလေး - မြစ်ကြီးနားရထားလမ်းပိုင်း၌...

မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်း၌ သံလမ်းထိန်းကလစ်များခိုးယူခံရ၍ ရထားလမ်းချော်မှုဖြစ်ပွား

နေပြည်တော်၊ ဇူလိုင်-၂၄

မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်း၊ နန်းခွင်နှင့် ဟိုပင်ဘူတာအကြားတွင် မြန်မာ့မီးရထားပိုင် သံလမ်းထိန်းကလစ်များ ခိုးယူဖျ-က်ဆီးခံရမှုကြောင့် ရထားစက်ခေါင်းနှင့် တွဲများ လမ်းချော်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းအတွင်း မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ဟိုပင်မြို့နယ် နန်းခွင် ဘူတာမှ ထွက်ခွာလာသော ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် နန်းခွင်နှင့်ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားသည့်နေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အခင်းဖြစ်ပွားရာနေရာ၌ သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့်နှင့် ၎င်းနေရာအနီးရှိ မိုင်တိုင်အမှတ် ၆၅၃/၁၈- ၂၀ ကြားနေရာ၌ သံလမ်း(၃)ဆက်ပေ(၁၂၀)ခန့် စုစုပေါင်းပေ(၂၄၀)ခန့်အတွင်း သံလမ်းထိန်းကလစ် (၄၀၈)ခု ဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိရပြီး သံလမ်းထိန်း ကလစ်များ ဖြုတ်ယူခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် လမ်းချော်ကျခဲ့သည့်စက်ခေါင်းနှင့်တွဲများ ‘မ’တင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့သည့်အတွက် ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းပိုင်းပြန်လည်ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ပျ-က်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆိုဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျ-က်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ မပိုသော ထောင်ဒ-ဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည် ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပျဉ်းမနားဘူတာသို့ ရောက်ရှိလာသည့် ရန်ကုန်-မန္တလေး DEMU ရထား၏ အထက်တန်းတွဲအတွင်း လိုက်ပါစီးနင်းလာသည့် အမျိုးသမီး ၄ ဦးသည် ရထားပေါ်တွင် ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ ကွမ်းစားခြင်း၊ ထိုင်ခုံအစွပ်များကို ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးများဖြင့် ပေကျံစေခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ပတ်စေခြင်းတို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071