Wednesday, July 22, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeMoviesမန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး...

မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းဆရာတော်ကြီး သက်တော် (၉၀) နှစ်တွင် ပျံလွန်တော်မူ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသ မဟာထေရ်မြတ်ကြီးသည် ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက် ၉ နာရီခွဲတွင် ပျံလွန်တော်မူသွားကြောင်း မန္တလေး သတင်းကွန်ရက်၏ ဖော်ပြချက်အရ သိရသည်။

သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါရှိပြီဖြစ်သည့် ဆရာတော်ကြီးသည် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်များအပြင် သ.အ.စ ဓမ္မာစရိယ၊ ဝဋံသကာ နှင့် ပါဠိပါရဂူ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူထားသော သာသနာ့အာဇာနည် မဟာထေရ်တစ်ပါး ဖြစ်သည်။

ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ ရပ်ဝေးရပ်နီးမှ တပည့်ဒါယကာ၊ ဒါယိကာမများ သိရှိနိုင်ရန် မန္တလေး သတင်းကွန်ရက်က သတင်းထုတ်ပြန်ထားပြီး စရဏပူဇာ အခမ်းအနား ကျင်းပမည့် အစီအစဉ်များကိုမူ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။

ဓာတ်ပုံ- မန္တလေးသတင်းကွန်ရက်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071