Thursday, January 1, 2026

နှစ်သစ်ပထမနေ့တွင် မန္တလေး၌ ၄.၉ အဆင့်ရှိ...

မန္တလေးမြို့တွင် ယနေ့ ည (ဇန်နဝါရီ တစ်ရက်) က ၄.၉ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှု ရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထိုလှုပ်ခတ်မှုသည်...

ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လဝကမှ မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးသူများကို...

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်များကို အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိသည်ဟု ယနေ့ ဇန်နဝါရီ...

ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အား မြို့နယ်(၁၂) မြို့နယ်တွင်ကျင်းပမည်

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)အား ပဲခူးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...

မြန်မာနိုင်ငံမှ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင်...

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ဇန်နဝါရီ ၂၆ ရက်အထိ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို...
HomeNewsLocal Newsမန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း တပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးဖွင့်လှစ်ပေးခဲ့

တပ်မတော်မှ အကြမ်းဖက်အဖွဲ့များခေတ္တထိမ်းချုပ်ထားသော မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၁၁ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် ဖော့တောလမ်းဆုံ၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဇရပ်ကွင်းကျေးရွာ၊ ဒီဇင်ဘာ ၂၂ ရက်တွင် လိပ်ကျကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျည်တောက်ပေါက်ကျေးရွာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ဒီဇင်ဘာ ၃၁ ရက်တွင် လိပ်ကျကျေးရွာတို့ကိုပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများသွားလာမှုနှင့် ကူးသန်းရောင်းဝယ်မှုများအဆင်ပြေစေရေးအတွက် မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သပိတ်ကျင်း-မိုးကုတ်ဒေသအနီးဝန်းကျင်ရှိ ဒေ သခံများ၏ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့လာစေရေးနှင့် နိုင်ငံစီးပွားတိုးတက်ရေးအထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများအား စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ထားသည့် လမ်းကြောင်းအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်သစ်ပထမနေ့တွင် မန္တလေး၌ ၄.၉ အဆင့်ရှိ ငလျင်လှုပ်

မန္တလေးမြို့တွင် ယနေ့ ည (ဇန်နဝါရီ တစ်ရက်) က ၄.၉ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှု ရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထိုလှုပ်ခတ်မှုသည် ဇန်နဝါရီ တစ်ရက်နေ့ တနေ့တည်းတွင် လှုပ်ခတ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ငလျင်လည်း ဖြစ်သည်။ “သိသိသာသာလှုပ်တယ်၊ ပြင်းတယ်၊ ကျောက်ဆည်ကလည်း သိလိုက်တယ်” ဟု ထိုငလျင်လှုပ်ခတ်မှုကို လူမှုကွန်ယက်တွင် မျှဝေနေကြသည်။ ငလျင်သည် သပိတ်ကျင်းမြို့၏ တောင်ဘက် ကိုးမိုင်ခန့်ကို ဗဟိုပြုကာ အနက် ၁၃ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟူလည်း ဆိုသည်။ ထို့အပြင် ယနေ့ နံနက် နံနက်...

ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လဝကမှ မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးသူများကို အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိပြုလုပ်ပေးနေ

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်များကို အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိသည်ဟု ယနေ့ ဇန်နဝါရီ ၁ ရက်က အသိပေးခဲ့သည်။ ရွေးကောက်ပွဲကာလတွင် နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးပျ-က်စီး/ပျောက်ဆုံးသူများအား သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လဝကရုံးများ၌ အထူးကိစ္စရပ်အဖြစ် ရုံးပိတ်ရက်မရှိဘဲ ပျ-က်စီး/ပျေ-ာက်ဆုံးသည့် မှတ်ပုံတင်များကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးသူ မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ် လဝကရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင် ပျ-က်စီး/ပျေ-ာက်ဆုံးမှုမရှိဘဲ ပျ-က်စီး/ပျောက်ဆုံးမှုကို အကြောင်းပြကာ...

ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အား မြို့နယ်(၁၂) မြို့နယ်တွင်ကျင်းပမည်

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)အား ပဲခူးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ ပဲခူးတိုင်း၌ ရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်၍ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပချိန်တွင် လိုအပ်ချက်များမဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် ပြည်သူများ ဆန္ဒမဲပေးရာတွင် မြန်ဆန်ချောမွေ့စေရေးအတွက် တတိယအကြိမ်ထုတ်ပြန်ထားသည့် မဲစာရင်းမှ မဲစာရင်းအမှတ်စဉ်ကို ကြိုတင်သိရှိထားနိုင်ရန် လက်ဝယ်အရောက်ဖြန့်ဝေပေးထားရမည်ဖြစ်သည့်အပြင် မဲရုံပြင်ပတွင်လည်း မဲစာရင်းရှာဖွေပေးနိုင်သည့် laptopများ၊ Mobile Phone များဖြင့် ရှာဖွေပေးရမည်ဟု မှာကြားသည်။ ထို့အတူ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071