မကွေးတိုင်း၊ မင်းဘူးမြို့၊ မြန်မာ့မီးရထားဘူတာနှင့် မီး ရထားကွန်ကရစ်စက်ရုံဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူ လိုင် ၁၃ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတက မြန် မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ(၁၃)ခရိုင်သည် ပူ ပြင်းခြောက်သွေ့ပြီး သစ်တောသစ်ပင်ကျဲပါးကာ မဘကွေးတိုင်း၏ သစ်တောဖုံးလွှမ်းမှုသည်(၁၁ ဒဿမ ၅၁) ရာခိုင်နှုန်းသာရှိပြီး မင်းဘူးခရိုင်၏ သစ်တောဖုံးလွှမ်းမှုသည်(၁၅ ဒဿမ ၆၁)ရာခိုင်နှုန်းသာရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင် ငံတော်အဆင့်အရှိန်အဟုန်မြှင့်တင်ပြီး အလေးထား ဆောင်ရွက်ခြင်းကြောင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၏ အကျိုးရလဒ်ကို ဒေသခံများကပထမဦးဆုံးခံစားကြရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုအဆင့်ရောက်ရှိလာနိုင်သည်ဟုခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်း တစ် လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟုခန့်မှန်းထား၍ ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်တို့ကြောင့် မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများဖြစ်ပေါ်လာနိုင်ပြီး စိုက် ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်သဖြင့် အဘက်ဘက်ကကြိုတင်ပြင်ဆင်ထားကြရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တမာပျိုးပင်အားဦး ဆောင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ယင်းမာ၊ ပိ တောက်၊ မဲဇလီ၊ တမာ၊ သင်္ဘော၊ ကုက္ကို နှင့် ဖျောက် ဆိပ်စသည့် သစ်မျိုး(၈)မျိုး၏ ပျိုးပင်(၃,၀၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
