မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။
လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
