Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeCelebrities' Newsမင်းသမီး ဆိုတာထက် သရုပ်ဆောင်ဖြစ်ချင်ခဲ့တာပါ...

မင်းသမီး ဆိုတာထက် သရုပ်ဆောင်ဖြစ်ချင်ခဲ့တာပါ ဆိုတဲ့ သရုပ်ဆောင် မုဏ်း

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် မုဏ်းကတော့ ရုပ်ရှင်ဇာတ် ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ သူကတော့ လက်ရှိ Cannel Plus မှာ ထုတ် လွှင့်ပြသနေတဲ့ Toxic Season-2 မှာလည် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်သံဇာတ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး …

“Season-1 တုန်းကလည်း ပရိသတ်တွေ အားပေးကြတယ်။Season-2 မှာလည်း ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။Season-1တုန်းကလည်း အောင်မြင်သင့်သလောက် အောင်မြင့်ခဲ့တယ်။Season-1 စရိုက်ကတည်းက စိုးရိမ်စိတ်တွေရှိခဲ့တယ်။ ငါတို့လုပ်နိုင်ပါမလားပေါ့။ ဖြစ်နိုင်ပါ့မလား။ ရိုက်ပြပြီးမှ မဖြစ်ရင် ရှက် စရာကြီးဖြစ်မှာလေ။ ဒါပေမဲ့ တကယ်ရိုက်တဲ့အချိန်မှာ Pre-Production လည်းကောင်းတယ်။ Post-Production လည်းကောင်းတယ်။ ရိုက်ကူးရတာလည်း အရမ်းအဆင်ပြေပါတယ်။ အားလုံးလည်း တက်ညီလက်ညီနဲ့ ကြိုးစားကြတော့ အဆင်ပြေလောက်မှာပါလို့ ထင်ခဲ့တယ်။ ဒီကားပြတော့လည်း ပရိသတ်တွေ အားပေးကြတဲ့အတွက် အရမ်းဝမ်းသာခဲ့ရပါတယ်။ ခု Season-2 ကတော့ ပိုကောင်းမယ်လို့တော့ မျှော်လင့်တယ်။Season-1 ထက် Season-2 ပိုကောင်းမှဖြစ်မှာလေ။ ပိုပြီးတော့လည်း တက်ညီလက်ညီနဲ့ ကြိုးစားထားကြပါတယ်”လို့ ပြောပြခဲ့ပါတယ်။ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ပါသနာပါခဲ့တယ်လို့ ပြောလာတဲ့ သရုပ်ဆောင် မုဏ်းက …

“သရုပ်ဆောင်တာကတော့ ငယ်ငယ်လေးကတည်းက ဝါသနာပါတယ်။ မင်းသမီး ဖြစ်ချင်တယ်။ ထက်ထက်မိုးဦးကို အားကျတယ်။ ဆယ်တန်းပြီးပြီးတော့ တကယ် ဒီအလုပ်ကို စလုပ်တဲ့အချိန်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ မင်းသမီးမဟုတ်ဘူး။ သရုပ်ဆောင် လုပ်ချင်တာ သရုပ်ဆောင်ဆိုတာ သိလိုက်တယ်။ ဘာလို့လဲဆိုတော့ လှလှပပ နေဖို့ထက် ကာရိုက်တာတစ်ခုမှာ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာက ပိုပြီးတော့ စိတ်ဝင်စား တယ်။ အဲ့လိုဘဲ ကြိုးစားခဲ့ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071