Saturday, September 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ...

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ...

Fire Dragon International Futsal...

ရန်ကုန်၊ စက်တင်ဘာ ၅ Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၅...

စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း...

ရန်ကုန်၊ စက်တင်ဘာ ၅ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်(တောင်)ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ...

ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကြောင့် ပေ ၃၃၀...

ရန်ကုန်၊ စက်တင်ဘာ ၅ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာသည် မြစ်ရေတိုက်စားမှုကြောင့် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်...
HomeNewsLocal Newsမကွေး တမာပိုးသတ်ဆေးစက်ရုံမှ တန်ဖိုးမြင့်...

မကွေး တမာပိုးသတ်ဆေးစက်ရုံမှ တန်ဖိုးမြင့် ထုတ်ကုန် ၈ မျိုးခန့် ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်

မကွေး၊ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တမာပိုးသတ်ဆေးစက်ရုံမှ အညာဒေသထွက် တမာစေ့များကို အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန် ၈ မျိုးခန့် ထုတ်လုပ်ကာ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်ရုံမှ တမာစေ့အခွံမှ သဘာဝဓာတ်မြေဩဇာ၊ တမာဆီကြမ်းမှ တမာပိုးသတ်ဆေးများ ထုတ်လုပ်လျက်ရှိသည့်အပြင် တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် တမာလက်ဆေးဆပ်ပြာရည်၊ ခံတွင်းသန့်စင်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာရည်နှင့် တမာယားနာပျောက်ဆေးတို့ကိုလည်း တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်ထွန်းက “စက်ရုံကို ၂၀၁၇ ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ အဓိကကတော့ အညာဒေသမှာ တမာပင်တွေ ဖြစ်ထွန်းတာကို အခြေခံပြီး ဒေသတွင်း သဘာဝပိုးသတ်ဆေးနဲ့ မြေဩဇာတွေ ထုတ်လုပ်သုံးစွဲနိုင်ဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ ဓာတုဗေဒပစ္စည်း သုံးစွဲမှု လျှော့ချပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့နဲ့ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်ဖို့ ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် စက်ရုံကို BOT စနစ်ဖြင့် မြန်မာပိုးသတ်ဆေး ကုမ္ပဏီလီမိတက်သို့ နှစ် ၃၀ ငှားရမ်းထားပြီး မကွေး၊ နတ်မောက်နှင့် ကျောက်ပန်းတောင်း မြို့နယ်တို့မှ တမာစေ့ ကုန်ကြမ်းများကို ဝယ်ယူ၍ တမာယူရီးယား၊ နိမ်းကုတ်တက်ယူရီးယား ဓာတ်မြေဩဇာများနှင့် သဘာဝပိုးသတ်ဆေးများကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။
မကွေးတမာပိုးသတ်ဆေးစက်ရုံ တာဝန်ခံ ဦးချစ်မင်းသူက “လက်ရှိမှာတော့ တမာဆီကြမ်းကို တစ်နေ့ ၇၆ ပိဿာလောက် ထုတ်လုပ်နိုင်ပါတယ်။ ဈေးကွက်ထဲမှာတော့ တမာဇိုင်း (နိမ်းကုတ်တက်ယူရီးယား) မြေဩဇာကို လိုင်စင်ရရှိပြီး ရောင်းချနေပြီး ကျန်တဲ့ ထုတ်ကုန် ၈ မျိုးလောက်ကိုလည်း မှတ်ပုံတင်နဲ့ လိုင်စင်လျှောက်ထားဆဲ အဆင့်မှာ ရှိပါတယ်။ လိုင်စင်ရရှိတာနဲ့ ပြည်တွင်းတင်မကဘဲ ပြည်ပအထိ တင်ပို့ပြီး နိုင်ငံခြားငွေ ရရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

အဆိုပါ စက်ရုံကို မကွေး-နတ်မောက် လမ်းဘေး မြေ ၅ ဒသမ ၃၂ ဧကပေါ်တွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထုတ်ကုန်များ စာရင်းသွင်း မှတ်ပုံတင်ရေးနှင့် ပြည်ပတင်ပို့နိုင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကို...

Fire Dragon International Futsal Cup 2026 အတွက် ပြိုင်ပွဲဝင် ကလပ်အသင်း နည်းပြများက ပွဲကြို သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၅ Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ နည်းပြချုပ်များက အသင်းအခြေအနေများနှင့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။ အုပ်စု (က) တွင် ပါဝင်သည့် YCDC Dream Team နည်းပြချုပ်က ပြိုင်ပွဲမှတစ်ဆင့် လာမည့်ရာသီအတွက် အတွေ့ အကြုံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ TG United နည်းပြချုပ်...

စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ ‌ေ-သဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်(တောင်)ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသည့် ဟိုတယ်ဝန်ထမ်း၏ ရုပ်အလေ-ာင်းအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် အနာဂတ်အလင်းတန်းပရဟိတအသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ‌ေ-သဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာဌာနများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဓာတ်ပုံ-အနာဂတ်အလင်းတန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071