Wednesday, December 17, 2025

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲမည်

လာမည့် ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ တိုးချဲ့ပြေးဆွဲပေးမည့်ရထားများမှာလည်း ခေတ်မီလေအေးပေးစက်ပါ DEMU...

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...
HomeInternationalဘီလျံနာသူဌေးကြီး ဂျက်မာ တရုတ်ပြည်ရှိ...

ဘီလျံနာသူဌေးကြီး ဂျက်မာ တရုတ်ပြည်ရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုတွင် ပါမောက္ခအဖြစ် ပညာသင်ကြားပေးမည်

ဟောင်ကောင်၊ ဧပြီ ၂၁

အလီဘာဘာ လုပ်ငန်းစုကြီးကို တည်ထောင်သူ ဂျက်မာသည် မကြာမီ တရုတ်နိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ဂျက်မာသည် ဟောင်ကောင် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စီးပွားရေး လုပ်ငန်းပါမောက္ခအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရကြောင်း အဆိုပါ တက္ကသိုလ်က ဧပြီလ ၂၁ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

ဂျက်မာသည် လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက တရုတ်အစိုးရ၏ နည်းပညာလုပ်ငန်းကဏ္ဍအပေါ် ဖြိုခွင်းမှုများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ မကြာသေးမီကမှ တရုတ်ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ယခုကဲ့သို့ ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ဂျက်မာသည် ပါမောက္ခအဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ရောက်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ ဂျက်မာသည် အလီဘာဘာကို တည်ထောင်စဉ် ရရှိလာသော အတွေ့အကြုံကောင်းများနှင့် အသိပညာများကို ဟောင်ကောင်တက္ကသိုလ်ရှိ စီးပွားရေးအတန်းများတွင် ပြန်လည်မျှဝေသွားမည် ဖြစ်သည်။

ဂျက်မာသည် ပညာရေးနှင့် ပတ်သက်လာလျှင် ခေသူမဟုတ်ပေ။ အလီဘာဘာကို မတည်ထောင်မီ တက္ကသိုလ်တစ်ခု၌ အင်္ဂလိပ်ဆရာအဖြစ် ၈ နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသလို ၂၀၁၈ ခုနှစ်တွင်လည်း ဟောင်ကောင်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။

Source: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲမည်

လာမည့် ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း အစုန်/အဆန်အထူးရထားများတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ တိုးချဲ့ပြေးဆွဲပေးမည့်ရထားများမှာလည်း ခေတ်မီလေအေးပေးစက်ပါ DEMU (စပိန်) တွဲဆိုင်းသစ်များဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် DEMU ရထားများအတိုင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်မှတ်များကို မိမိတို့သွားရောက်လိုသည့် ခရီးစဉ်များအတိုင်း ငါးရက်ကြိုတင်၍ တယ်လီဖုန်းဖြင့် ကြိုတင်မှာယူပြီး MMQR စနစ်ဖြင့် အွန်လိုင်းမှ ငွေပေးချေ၍လည်းကောင်း၊ သက်ဆိုင်ရာဘူတာများတွင် အထက်တန်းလက်မှတ်အား သုံးရက်နှင့် ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။ နောင်လာမည့်...

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071