Wednesday, December 17, 2025

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က...

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း...

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်...

ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုးအစား (၆)...

ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ်...
HomeNewsLocal Newsဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ...

ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည်

မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြား ချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီးစဉ်အား  နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သွားရောက်ခဲ့ပြီး မတ်လ(၇)ရက်နေ့က ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုနှင့် လွတ်လပ်ရေးနန်းတော်၌တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံချိန်မှာတော့
ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့၍ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံကြားတွင် နှစ်နိုင်ငံအတွက် အကျိုး ဖြစ်ထွန်းမှုများရှိနိုင်မည်ဖြစ်ကာ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍပေါင်းစုံ၌ ပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုအတူ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြို တင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတိုကိုလည်း ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၆)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ...

ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့်ASPGB က ယနေ့တွင် အစုရှယ်ယာများ စတင်ရောင်းချ

ရန်ကုန်စတော့အိပ်ချိန်း၏ Pre Listing Board (PLB) စာရင်းဝင်အကြိုစျေးကွက်တွင် ဒုတိယမြောက်မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ASPGB (G.B.S Agricultural Service Public Company Limited) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်း၏ စျေးကွက်ပေါ်တွင် အစုရှယ်ယာများစတင်ရောင်းချပေးသွားမည်ဖြစ်သည်။ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ASPGB) ၏ မှတ်ပုံတင်မည့်နေ့ရက်ရှိ အခြေခံစျေးနှုန်း၊ အမြင့်ဆုံး/အနိမ့်ဆုံးစျေးနှုန်း သတ်မှတ်ချက်နှင့် တစ်ချက်ခုန်စျေးနှုန်း တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အခြေခံစျေးနှုန်းအနေဖြင့် ကျပ် ၁၀,၀၀၀ ဖြစ်ပြီး...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071