Saturday, August 1, 2026

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်...

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို...

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...
HomeInternationalဘန်ကောက်မှာ အမှိုက်စွန့်ပစ်ရေးပြသနာနှင့်ရင်ဆိုင်နေရ

ဘန်ကောက်မှာ အမှိုက်စွန့်ပစ်ရေးပြသနာနှင့်ရင်ဆိုင်နေရ

ဖေဖော်ဝါရီ ၂၅

ဘန်ကောက်မြို့တွင် စွန့်ပစ်အမှိုက်များ၏ ထက်ဝက်နီးပါးသည် အစားအသောက်များ ပါဝင်နေသောကြောင့် အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သတ်၍ ကြီးစွာသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အာဏာပိုင်များသည် တစ်နေ့လျှင် ပျမ်းမျှ အမှိုက် တန်ချိန် ၉,၂၃၈ တန် သိမ်းဆည်းခဲ့ကြောင်း Bangkok Metropolitan Administration (BMA) ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။

“သိမ်းဆည်းထားတဲ့ အမှိုက်ပမာဏစုစုပေါင်းရဲ့ ၄၉ ရာခိုင်နှုန်းကျော်က အစားအသောက်နဲ့ဆိုင်သော စွန့်ပစ်ပစ္စည်းတွေပါ” ဟု ဌာနမှ မစ္စတာ ပနွတ် အွန်တက်စ် က ပြောကြားခဲ့သည်။

ပြန်လည်အသုံးပြုမထားသော ပလတ်စတစ်များသည် စုစုပေါင်းအမှိုက်များ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိပြီး ပြန်လည်အသုံးပြုခြင်းမရှိသော စက္ကူများသည် နေ့စဉ်အမှိုက်စွန့်ပစ်မှု၏ ၁၀ ရာခိုင်နှုန်းကို ရှိသည်ဟု အဆိုပါဌာနမှ သိရသည်။

ထိုင်းစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက စားသောက်ဆိုင်ကြီးများသည် တစ်နေ့လျှင် အမှိုက်တစ်တန်အထိ စွန့်ပစ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။

ထို့ကြောင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအတွက် အမှိုက်များခွဲထုတ်ခြင်းကဲ့သို့သော ထိရောက်သော အမှိုက်စီမံခန့်ခွဲမှုစနစ်များကို အကောင်အထည်ဖော်မဖြစ်မနေကျင့်သုံးရန် အရေးကြီးကြောင်း သတင်းမှဖော်ပြသည်။

BMA က အမှိုက်သိမ်းခကို ဘတ် ၂၀ မှ ဘတ် ၆၀ သို့ မကြာမီ တိုးမြှင့်ရန် စီစဉ်နေကြောင်း မစ္စတာ ပနွတ် က ပြောသည်။

သို့သော်လည်း BMA တွင် မှတ်ပုံတင်ပြီး အမှိုက်ခွဲခြင်း ကမ်ပိန်းတွင် ပါဝင်သည့် အိမ်ထောင်စုများသည် ၎င်းတို့၏ လိုက်ပါကြိုးပမ်းအားထုတ်မှုများကို ဓာတ်ပုံရိုက်ပြီး BKK WASTE PAY မိုဘိုင်းအက်ပ်မှတစ်ဆင့် တင်ပြနိုင်သည်။ အဆိုပါအိမ်ထောင်စုများသည် အမှိုက်သိမ်းခ လစဉ်ကြေးကို ဘတ် ၂၀ ဖြင့်သာ ဆက်လက်ပေးဆောင်သွားနိုင်မည်ဖြစ်ကြောင်း မစ္စတာ ပနွတ် က ပြောခဲ့သည်။

တစ်ရက်လျှင် အမှိုက် ၂၀၀ ကီလိုဂရမ်ထက် ပိုစွန့်ပစ်သည့် ဈေးဝယ်စင်တာများကဲ့သို့ ကြီးမားသည့် အိမ်ရာများအတွက် BMA က အမှိုက်သိမ်းမှု ပမာဏကို ၂၀၀ ကီလိုဂရမ်လျှင် ဘတ် ၂,၀၀၀ မှ ၈,၀၀၀ ဘတ်အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

အိမ်သုံးအမှိုက်များ၏ ၄၀ ရာခိုင်နှုန်း သည် အစားအသောက်စွန့်ပစ်ပစ္စည်းများဖြစ်ပြီး ၄၀ ရာခိုင်နှုန်း သည် ပြန်လည်အသုံးပြုနိုင်သည့်အမှိုက်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်း သည် ပြန်လည်အသုံးပြု၍မရသောအမှိုက် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ချစ်ကြည်ရေး တရားတော်များ နာယူကြည်ညိုကြပြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုအဖြစ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071