ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ချာတူချတ်ခရိုင်တွင် ပြိုကျခဲ့သော အစိုးရအဆောက်အအုံအတွင်းမှ မိုဘိုင်းလ်ဖုန်းမှအလင်းရောင်ဟုထင်ရေသာ အလင်းရောင်ကို တွေ့ရှိခဲ့သောကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
မတ်လ၂၈ ရက်ေန့က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြောင့် ဘန်ကောက်ရှိ ဘတ် ၂ ဒဿမ ၁၄ သန်းတန် အထပ်မြင့် နိုင်ငံတော်စာရင်းစစ်ရုံး(SAO) အဆောက်အအုံ ပြိုကျခဲ့သည်။
Phetkasem ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား Pakamol Metheepakdee က သောကြာနေ့(ဧပြီလ ၁၁ရက်နေ့) နံနက် ၆ နာရီခန့်တွင် အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်သည့် လက္ခဏာများ ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ သူတို့သည် မိုဘိုင်းလ်ဖုန်းတစ်လုံးမှဟု ယူဆရသည့် အလင်းရောင်ကို တွေ့ရှိခဲ့၍ ပိတ်မိနေသူများ၏ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
စက်ယန္တရားကြီးများသုံးကာ ဇုန်စီတွင် လုပ်ငန်းဆောင်ရွက်နေသော ကယ်ဆယ်ရေးသမားများသည် ဇုန် ဘီ အတွင်းရှိ အပေါက်တစ်ခုကို ဖြတ်သွားစဉ် အန်းဒရိုက်ဖုန်းဖွင့်သံကို ကြားလိုက်ရသည်။ အဆိုပါအသံသည် ယခင်က စကင်န်တွင် တွေ့ရှိထားသော ၅၀ စင်တီမီတာအကွာမှ ထွက်လာခြင်းဟု ယူဆရသည်။
ထပ်မံစစ်ဆေးမှုလုပ်ခဲ့ရာတွင် အဖြူရောင်အလင်းတန်းတစ်ခုကို ကယ်ဆယ်ရေးသမားများ က တွေ့ရှိခဲ့ပြီး USAR အဖွဲ့ထံမှ မိုက်ခရိုကင်မရာတစ်ခု တောင်းယူကာ အလင်း၏ တည်ရှိမှုကို အတည်ပြုခဲ့သည်။ သို့ရာတွင် အတည်ပြုချက်ယူရန် အလင်းထွက်ရာပစ္စည်းကို နေရာရွှေ့ခိုင်းရာတွင် တုန့်ပြန်မှု မရရှိခဲ့ပေ။ မီးပိတ်ရန် တောင်းဆိုသောအခါမှသာ လိုက်နာဆောင်ရွက်ခဲ့သည်ကို တွေ့ခဲ့ရသည်။
စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများသည် အပျက်အစီများကို လက်ဖြင့် ဂရုတစိုက်ဖယ်ရှားနေကာ ပန့်တစ်လုံးကို သုံး၍ အပေါက်အတွင်းသို့ အောက်ဆီဂျင်ပေးရန် လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ အဆောက်အအုံ ပြိုကျမှုကြောင့် ေ-သဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦးရှိထားပြီး ပျောက်ဆုံးနေသူ ၆၇ ဦးကို ကယ်ဆယ်ရေးသမားက ရှာဖွေနေဆဲဖြစ်သည်ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) ၏ သောကြာနေ့က နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။
Ref: ဘန်ကောက်ပို့စ်
