Monday, May 4, 2026

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာ...

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့်အပြည်ပြည်ဆိုင်ရာ...

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့...

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉...

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ...

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ Project Freedom...

ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေသည့် သင်္ဘောများနှင့် ပတ်သက်၍ အမေရိကန် ရေတပ်၏ "Operation Project Freedom"စစ်ဆင်ရေးတွင် အရပ်ဖက် သင်္ဘောများအား စစ်သင်္ဘောများဖြင့်...
HomeInternationalဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုရှားအကူအညီဖြင့်တည်ဆောက်သော ပထမဆုံး...

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုရှားအကူအညီဖြင့်တည်ဆောက်သော ပထမဆုံး နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် လေ-ာင်စာများ စတင်ဖြည့်တင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရူပူ(Rooppur) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပထမစက်ယူနစ်အတွင်းသို့ နျူကလီးယားလောင်စာတောင့်စုပေါင်း ၁၆၃ ခုကို စတင်ထည့်သွင်းခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ကို အင်္ဂါနေ့ကကျင်းပခဲ့သည်။

ဓာတ်ပေါင်းဖိုအသစ်တစ်ခုအတွင်းသို့ နျူကလီးယားလောင်စာများ ထည့်သွင်းခြင်းသည် မည်သည့်နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးတွင်မဆို အရေးပါသော အခိုက်အတန့်တစ်ခုဖြစ်သည်။ ၎င်းသည် စက်ယူနစ်အား စတင်လည်ပတ်ခြင်း၏ အဓိကအဆင့်များထဲမှ ပထမဆုံးအဆင့်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာများ၏ ဖော်ပြချက်အရ အဆိုပါလုပ်ငန်းစဉ်ကို ပြီးစီးရန် ၄၅ ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

နောက်ထပ်အဆင့်အနေဖြင့် ဓာတ်ပေါင်းဖိုအား ထိန်းချုပ်နိုင်သည့် အနိမ့်ဆုံး စွမ်းအင်အဆင့်အထိ ရောက်ရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး စွမ်းအင်ပမာဏကို အဆင့်ဆင့်မမြှင့်တင်မီ လိုအပ်သည့် စစ်ဆေးမှုများနှင့် စမ်းသပ်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဖာကီယာ မာဘတ် အာနမ်(Fakir Mahbub Anam) က “နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဟာ နိုင်ငံတော်ရဲ့ စွမ်းအင်လုံခြုံရေးကို အာမခံချက်ပေးဖို့၊ စက်မှုထွန်းကားရေးကို အရှိန်မြှင့်တင်ဖို့နဲ့ နည်းပညာအခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်။ ရူပူနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်သလို၊ ခေတ်မီနည်းပညာတွေကို တာဝန်သိသိနဲ့ ထိရောက်စွာ အသုံးချနိုင်တဲ့ နိုင်ငံရဲ့ ဆန္ဒနဲ့ စွမ်းဆောင်ရည်ကိုလည်း ပြသနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရုရှားဖက်ဒရေးရှင်းမှ ရိုဆာတွမ် (Rosatom) ၏ ညွှန်ကြားရေးမှူးချုပ် အလက်ဇီ လီခါချက်ဗ် (Alexei Likhachev) ကလည်း “ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင်ကို ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တစ်ခုအနေနဲ့ အသုံးပြုတဲ့ နိုင်ငံတွေရဲ့ အသင်းအဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါပြီ။ ရူပူနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ နိုင်ငံရဲ့ စွမ်းအင်စနစ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။ Rosatom အတွက်တော့ ဒီစီမံကိန်းဟာ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးအတွက် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံ၏ Rosatom ကုမ္ပဏီသည် မြို့တော်ဒါကာမှ ကီလိုမီတာ ၁၆၀ ခန့်အကွာရှိ ရူပူမြို့တွင် ဓာတ်ပေါင်းဖိုနှစ်လုံး တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင်ကော်မရှင်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂.၆၅ ဘီလီယံ တန်ဖိုးရှိ ကနဦးစာချုပ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင် ထိန်းညှိရေးအာဏာပိုင်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် ရူပူစက်ရုံအတွက် ပထမဆုံး မြေနေရာလိုင်စင်ကို ထုတ်ပေးခဲ့ပြီးနောက် ဘူမိဗေဒဆိုင်ရာ ကွင်းဆင်းတိုင်းတာမှုများအပါအဝင် ပဏာမလုပ်ငန်းများကို စတင်နိုင်ခဲ့သည်။

ပထမစက်ယူနစ် တည်ဆောက်မှုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ဒုတိယစက်ယူနစ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည်။ ယင်းစက်ရုံများသည် ကနဦး သက်တမ်း နှစ် ၆၀ ရှိမည်ဖြစ်ပြီး နောက်ထပ် နှစ် ၂၀ အထိ သက်တမ်းတိုးရန် ဖြစ်နိုင်ခြေရှိသည်။

ပထမဆုံး နျူကလီးယားလောင်စာအသုတ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စက်ရုံတည်နေရာသို့ ပို့ဆောင်ခဲ့ပြီး ထိုအချိန်မှစ၍ အဆိုပါနေရာအား နျူကလီးယားအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် မတ်လတွင် ရူပူစက်ယူနစ်-၁ ၏ တာဘိုင်တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးခဲ့ပြီး ပင်မပတ်လမ်းစနစ်များနှင့် စက်ပစ္စည်းများကို စစ်ဆေးရန် ရေအားသုံးစမ်းသပ်မှုများ နှင့် အပူပေးစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်။ စက်ရုံလည်ပတ်ခွင့် လိုင်စင်ကို ဘင်္ဂလားဒေ့ရှ် နျူကလီးယား ထိန်းညှိရေးအာဏာပိုင်အဖွဲ့က ယခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေး

အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့်အပြည်ပြည်ဆိုင်ရာ ကြ က်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)တို့ ပူးပေါင်းကာ "Heatwave and Monsoon Season Prepa redness (Pre Disaster Meeting)" ကို Hybrid ပုံစံဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် လာမည့်ရာသီတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန်...

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။ မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်ခြင်းမပြုရန် သင်္ဘောများကို အီရန်တိုက်တွန်း

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ဟော်မုဇ် ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားပြီး၊ အီရန်အစိုးရနှင့် ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ၎င်းရေလမ်းကြောင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် သင်္ဘောအားလုံးကို တိုက်တွန်းထားကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဌာနချုပ်မှ တပ်မှူး Ali Abdollahi က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဟာ ဟော်မုဇ် ရေလက်ကြားရဲ့ လုံခြုံရေးကို အစွမ်းကုန်ဆောင်ရွက်နေပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့အတွက် ဟော်မုဇ် ရေလက်ကြားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖြတ်သန်းသွားလာဖို့ မကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071