Monday, June 22, 2026

ဥရောပတစ်ဝန်း အပူလှိုင်းကျရောက်၊ ပြင်သစ်တွင် အရက်သောက်သုံးမှု...

ဥရောပတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးမှု ကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပြီး ဂျာမနီတွင် နိုင်ငံလုံးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသကဲ့သို့...

မြန်မာရွှေ့ပြောင်းနေထိုင်သူများထိုင်းမှတ်ပုံတင်ကတ်စတင်ရရှိ

ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများသည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင်ကတ်များကို စတင်ရရှိနေကြသည်။          ထိုသမိုင်းဝင် အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီး က ချီးကျူးဂုဏ်ပြုခဲ့သည်။     ထိုင်းအစိုးရသည်...

ကာတာဓာတ်ငွေ့တင်ပို့ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်၊ လူ ၅၄ ဦးဒ-ဏ်ရာရခဲ့ကာ...

စစ်ပွဲအတွင်း အီရန်၏ ဗုံးဒ-ဏ်ခံခဲ့ရပြီးနောက် အလုပ်သမားများက လုပ်ငန်းပြန်လည်ပတ်ရန် ကြိုးစားနေသည့် ကာတာ၏ သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိကဆိပ်ကမ်းတွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလေ-ာင်ကျွမ်းခဲ့မှုကြောင့် လူ...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း...
HomeMoviesဗြိတိန်ဝန်ကြီးချုပ် တာဝန်တွေလွှဲပြောင်းပေးဖို့ သူ့အဖွဲ့...

ဗြိတိန်ဝန်ကြီးချုပ် တာဝန်တွေလွှဲပြောင်းပေးဖို့ သူ့အဖွဲ့ စတင်ပြင်ဆင်နေပြီ

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားရဲ့ နိုင်ငံရေးအဖွဲ့ဟာ အောက်လွှတ်တော်အမတ် အန်ဒီ ဘန်ဟမ် ရဲ့ လူယုံတွေဆီကို တာဝန်တွေ စတင်လွှဲပြောင်းပေးနေပြီလို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Guardian သတင်းစာက ဖော်ပြထားပါတယ်။ ဒီလှုပ်ရှားမှုဟာ ဗြိတိန်နိုင်ငံမှာ အာဏာလွှဲပြောင်းမှုတစ်ခု မကြာခင် ဖြစ်လာတော့မယ်ဆိုတာကို ပြသနေတာပါ။

သတင်းစာရဲ့ အဆိုအရ လန်ကတ်စတာ နယ်စားမြေဆိုင်ရာ အဓိပတိ(Chancellor of the Duchy of Lancaster)ဖြစ်တဲ့ ဒါရင် ဂျုံးစ်ဟာ ဘန်ဟမ်အဖွဲ့ရဲ့ အဓိကလူတစ်ယောက်ဖြစ်တဲ့ ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း လူဝစ် ဟိတ်ဂ် နဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ဝန်ကြီးချုပ် စတားမားနဲ့ သူ့ရဲ့ အနီးကပ်အဖွဲ့ဝင်တွေဟာ ရာထူးက နုတ်ထွက်မယ့်အကြောင်း ကြေညာမယ့် မိန့်ခွန်းကို စတင်ရေးဆွဲနေကြပြီလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စတားမားအနေနဲ့ ဘန်ဟမ်နဲ့ စကားပြောချင်တယ်လို့ လူသိရှင်ကြား ပြောထားခဲ့ပေမယ့်လည်း၊ ဘန်ဟမ် အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ပြီးကတည်းက အခုထိ နှစ်ယောက်ကြား စကားမပြောရသေးဘူးလို့ သတင်းစာက ဆိုပါတယ်။

ဂရိတ်တား မန်ချက်စတာမြို့တော်ဝန်ဟောင်းလည်းဖြစ်၊ လေဘာပါတီဝင် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ ဘန်ဟမ်ဟာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း၊ စတားမား ရာထူးက နုတ်ထွက်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ပိုပြီးအရှိန်မြင့်လာခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဘန်ဟမ်အတွက် လက်ရှိအာဏာရ လေဘာပါတီရဲ့ ခေါင်းဆောင်အဖြစ် စတားမားကို စိန်ခေါ်ဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ဝန်ကြီးချုပ် စတားမားဟာ လက်ရှိမှာ ပါတီတွင်းက လက်ဝဲအုပ်စုရဲ့ ထောက်ခံမှုတွေကို ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။

လေဘာပါတီရဲ့ စည်းမျဉ်းအရ အောက်လွှတ်တော်အမတ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူပဲ ပါတီခေါင်းဆောင် ဖြစ်ခွင့်ရှိတာပါ။ ဒါကြောင့်လည်း ဘန်ဟမ်ဟာ ပါတီခေါင်းဆောင်နေရာကို စိန်ခေါ်ဖို့နဲ့ ဝန်ကြီးချုပ်နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် အောက်လွှတ်တော်မှာ အမတ်နေရာ အရင်ဆုံး ရအောင်ယူခဲ့ရတာ ဖြစ်ပါတယ်။ The Times သတင်းစာရဲ့ အဆိုအရ ဘန်ဟမ်ဟာ လေဘာပါတီ အောက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုကို အနည်းဆုံး ထက်ဝက်ကျော် (အမတ် ၂၀၀ ကျော်) ရရှိထားတယ်လို့ သိရပါတယ်။

ရာထူးက နုတ်ထွက်နိုင်ခြေ
သတင်းရင်းမြစ်တွေကို ကိုးကားပြီး The Observer အပတ်စဉ်သတင်းစာက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တာကတော့ စတားမားဟာ အစောဆုံဆိုရင် ဇွန်လ ၂၂ ရက်နေ့မှာပဲ ရာထူးက နုတ်ထွက်ကြောင်း ကြေညာနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီလိုမကြေညာရင် ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ ရာထူးက ဆင်းပေးဖို့ လူသိရှင်ကြား တောင်းဆိုတာတွေကို ရင်ဆိုင်ရနိုင်တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

စတားမားဟာ အာဏာလွှဲပြောင်းမှုကို စနစ်တကျ ဖြစ်စေချင်တဲ့အတွက် သူ ဘယ်တော့ ရာထူးက ထွက်မလဲဆိုတဲ့ အချိန်ဇယားကို ချမှတ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ The Observer က ပြောပါတယ်။ သူဟာ စက်တင်ဘာလ လေဘာပါတီ ညီလာခံ မတိုင်ခင်မှာ ရာထူးကနေ တရားဝင် နှုတ်ထွက်သွားဖို့ ရှိနေပါတယ်။ ဒီလို အချိန်ဇယားမျိုးက ဘန်ဟမ်အတွက် သူ့ရဲ့ နိုင်ငံရေးအဖွဲ့ကို အသေအချာ ဖွဲ့စည်းဖို့နဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်း(ဝန်ကြီးချုပ်အိမ်တော်) ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်ဖို့ အချိန်ရစေတာကြောင့် သူ့အတွက် ပိုအဆင်ပြေစေတယ်လို့ The Guardian က ထောက်ပြထားပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ မေလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲတွေအပြီးမှာ ပိုပြီး ပြင်းထန်လာခဲ့တာပါ။ အဲဒီရွေးကောက်ပွဲမှာ လေဘာပါတီဟာ ဝေလပြည်နယ်ကိုယ်ပိုင်ဥပဒေပြုလွှတ်တော် (Welsh Parliament) ရဲ့ ထိန်းချုပ်ခွင့်ကို ပထမဆုံးအကြိမ် ဆုံးရှုံးခဲ့ရပါတယ်။ အင်္ဂလန်တစ်ဝန်းလုံးမှာလည်း အရင်ကထက်စာရင် ဥပဒေပြုလွှတ်တော်အသီးသီးမှာ လေဘာပါတီရဲ့ ကိုယ်စားလှယ်နေရာ ၁,၄၀၀ ကျော်အထိ လျော့နည်းသွားခဲ့ပါတယ်။ အဲဒီတုန်းက စတားမားက ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် တတာဝန်ယူခဲ့ပေမယ့် လေဘာပါတီခေါင်းဆောင် ဒါမှမဟုတ် ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိမှာ လေဘာပါတီ အောက်လွှတ်တော်အမတ် ၁၀၀ ဝန်းကျင်လောက်က စတားမား ရာထူးက ထွက်ပေးဖို့ လူသိရှင်ကြား တောင်းဆိုထားကြပါတယ်။ The Guardian ရဲ့ အဆိုအရ ဩဇာညောင်းတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအတော်များများကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သီးသန့်စကားပြောဆိုမှုတွေမှာ ရာထူးက ဆင်းပေးဖို့ စတားမားကို တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေကို သူ့ရဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယား၊ ပြီးတော့ အနီးကပ်အကြံပေးတွေနဲ့အတူ ကျေးလက်စံအိမ်မှာ ဖြတ်သန်းရင်း နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို အသေအချာ စဉ်းစားတွေးတောနေခဲ့တာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပတစ်ဝန်း အပူလှိုင်းကျရောက်၊ ပြင်သစ်တွင် အရက်သောက်သုံးမှု ပိတ်ပင်

ဥရောပတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးမှု ကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပြီး ဂျာမနီတွင် နိုင်ငံလုံးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသကဲ့သို့ စပိန်နိုင်ငံတွင်လည်း ကမ္ဘာ့ဖလားဘောလုံးပရိသတ်ဇုန်များကို ပိတ်သိမ်းခဲ့သည်။        ပြင်သစ်နိုင်ငံတွင် တနင်္ဂနွေနေ့၌ ဌာန သို့မဟုတ် ဒေသ ၉၆ ခုအနက် ၃၅ ခုတွင် အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ရန် မျှော်လင့်ထားပြီး အနောက်တောင်ပိုင်း ပါရီဒေသမှသည်  Burgundy အထိ အပူချိန်များသည် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကာ အချို့ဒေသများတွင်...

မြန်မာရွှေ့ပြောင်းနေထိုင်သူများထိုင်းမှတ်ပုံတင်ကတ်စတင်ရရှိ

ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများသည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင်ကတ်များကို စတင်ရရှိနေကြသည်။          ထိုသမိုင်းဝင် အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီး က ချီးကျူးဂုဏ်ပြုခဲ့သည်။     ထိုင်းအစိုးရသည် နိုင်ငံသားမဟုတ်သူများကို တရားဝင်မှတ်ပုံတင်ကတ်များ စတင်ထုတ်ပေးနေခြင်းဖြစ်သည်။ ထိုကတ်ကိုင်ဆောင်ထားသူများကို “မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ” အဖြစ် တရားဝင် အသိအမှတ်ပြုသည်။      ဤအစီအစဉ်သည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး ရွှေ့ပြောင်းနေထိုင်သူများထဲမှ တစ်ခုအတွက် လူ့အဖွဲ့အစည်းအတွင်း ပါဝင်မှု၊ အကာအကွယ်ရမှုနှင့် မိမိကိုယ်ကို မှီခိုအားထားမှုကို တိုးတက်စေမည်ဖြစ်သည်။     ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဤမှတ်ပုံတင်ကတ်သည် စာရွက်တစ်ခုမျှသာမဟုတ်ဘဲ အကာအကွယ်ရမှု၊ လုံခြုံရေးနှင့် အခွင့်အလမ်းများအတွက်...

ကာတာဓာတ်ငွေ့တင်ပို့ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်၊ လူ ၅၄ ဦးဒ-ဏ်ရာရခဲ့ကာ ၁၈ ဦး ပျောက်ဆုံးလျက်ရှိ

စစ်ပွဲအတွင်း အီရန်၏ ဗုံးဒ-ဏ်ခံခဲ့ရပြီးနောက် အလုပ်သမားများက လုပ်ငန်းပြန်လည်ပတ်ရန် ကြိုးစားနေသည့် ကာတာ၏ သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိကဆိပ်ကမ်းတွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလေ-ာင်ကျွမ်းခဲ့မှုကြောင့် လူ ၅၄ ဦးထက်မနည်း ဒ-ဏ်ရာရခဲ့ကာ ၁၈ ဦး ပျောက်ဆုံးလျက်ရှိသည်။        ကာတာသည် ကမ္ဘာ့ထိပ်တန်းသဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် နိုင်ငံများထဲမှ တစ်ခုဖြစ်နေဆဲဖြစ်သောကြောင့် ရပ်စ်လက်ဖန် စက်မှုဇုန်တွင် ပေါက်ကွဲမှုသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များတွင် ပိုမိုရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သည်။ စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ခဲ့သောကြောင့် ကာတာသည် ၎င်း၏ ဖောက်သည်များထံ တင်ပို့မှုများမရောက်ရှိနိုင်သဖြင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့သည်။        စစ်ပွဲအပြီးတိုင် အဆုံးသတ်ရန် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေချိန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071