
ဗိုလ်တထောင်ကျိုက်ဒေးအပ်မြော်ဆံတော်ဦးစေတီတော်ရှိ ဗုဒ္ဓဆံတော် ရှင်မြတ်အား အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ရွှေတိဂုံစေတီ တော်ဆီသို့ ဧပြီလ၁၉ရက်နေ့ နံနက် ၅ နာရီခွဲက ပင့်ဆောင်ခဲ့ပြီဖြစ်ပါတယ်။
ဗုဒ္ဓဆံတော်ရှင်မြတ်ကို ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊အနောက်ပိုင်းခရိုင်၊တောင်ပိုင်း ခရိုင်နှင့် မြောက်ပိုင်း ခရိုင်တို့ရှိ မြို့နယ်ပေါင်း၄၂မြို့နယ်တို့မှ သံဃာတော်အပါး ၄၅ဝဝဖြင့် မေတ္တာသုတ်ရွတ်ဆိုကာ ပင့်ဆောင်ခြင်း ဖြစ်ပါတယ်။ ထိုသို့ ပင့်ဆောင်ရာတွင် ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနား လမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနှင့်ဗဟန်းကြား တောရ လမ်းအတိုင်း(ရွှေတိ ဂုံစေတီတော်အရှေ့ဘက်မုခ်)များမှလှည့်လည်ပင့်ဆောင်ပြီးအပူဇော်ခံတာ ဖြစ်ပါတယ်။
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဗုဒ္ဓဆံတော် ရှင်မြတ်ကို ဧပြီလ ၁၉ ရက်နေ့ မှ ဧပြီလ ၂၄ရက်နေ့အထိ ရွှေတိဂုံစေတီ တော်မှာ ဖူးမြော်ကြည်ညိုနိုင်ကြမှာဖြစ်ပါတယ်။
သီဟ
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)






