Saturday, May 30, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်...

နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ "မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး" အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့...

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်မည်

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL) တွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည့် ဘာသာစကားသင်တန်းများ၊ ကွန်ပျူတာသင်တန်းများနှင့် Phonetics and Phonology သင်တန်းများအတွက်...
HomeNewsLocal Newsဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို...

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာရှိ မဟာဗောဓီစေတီတော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညို

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းက ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကိုဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်းနှင့် ပန်းဆပ်ကပ်လှူဒါန်းခဲ့သည်။

နားနေဆောင်၌ အလှူငွေများလှူဒါန်းပြီး ဗုဒ္ဓဂါယာယဥ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။

ဗုဒ္ဓဂါယာသို့ နိုင်ငံ့ခေါင်းဆောင်များသွားရောက်ဖူးမြော်ခြင်းသည် ဘာသာရေးဆိုင်ရာအရေးပါမှုအပြင် မြန် မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုဆက်ဆံရေးမြှင့်တင်ရေးအတွက်လည်း အထူးအဓိပ္ပာယ်ရှိသည်။

ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင်ရှိပြီး ဂေါတမဗုဒ္ဓသည် ဗောဓိပင်အောက်တွင် သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့၍ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အ မြတ်ထားရာသမိုင်းဝင်ဘုရားဖူးဒေသဖြစ်ကာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်တော်တို့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ၏ယုံကြည်ကိုးကွယ်ရာ အ ထင်ကရနေရာများဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ်သတ်မှတ်ခံထားရသည်။

မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားဗုဒ္ဓဘာသာနိုင်ငံများမှ ဘုရားဖူးများ နှစ်စဉ်လာရောက်ဖူးမြော်လေ့ရှိပြီး မြန်မာနိုင်ငံကလည်း ဗုဒ္ဓဂါယာဒေသတွင် ဘုန်းတော်ကြီးကျောင်းနှင့် သာသနာရေးအဆောက်အအုံများတည်ဆောက်ထားသည်။

မဟာဗောဓိစေတီသည် ဂေါတမဗုဒ္ဓ သမ္မာသမ္ဗောဓိဉာဏ်တော်ရရှိခဲ့သည့် ဗောဓိပင်တော်အနီး၌တည်ထားသော ဗုဒ္ဓဘာသာ၏ အထင်ရှားဆုံးသမိုင်းဝင်အထိမ်း အမှတ်စေတီတော်ဖြစ်ကာ အိန္ဒိယဘုရင် အသောကမင်းကြီးက ဘီစီ(၃)ရာစုခန့်တွင်စတင်တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင်ဖော်ပြထားကာ ယနေ့မြင်တွေ့ရသော စေတီတော်ပုံစံမှာ အေဒီ(၅)ရာစုမှ (၆)ရာစုအတွင်းတည်ဆောက်ခဲ့သည့်လက်ရာများကို အခြေခံထားသည်။

မဟာဗောဓိစေတီသည် ဗုဒ္ဓဘာသာဝင်များ၏ အမြင့်မြတ်ဆုံးဘုရားဖူးနေရာများအနက်တစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင် သန်းနှင့်ချီလာရောက်ဖူးမြော်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အမွေအနှစ်နေရာတစ်ခုဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဖူးမြှော်

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာများအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် မြတ်စွာဘုရားရှင်၏ ဘဝအလှည့်အပြောင်းနှင့် ဆက်နွယ်သည့် သာသနာရေးဆိုင်ရာအထိမ်းအမှတ်နေရာဖြစ်သော သုဇာတာကျောင်းတော်နှင့် သုဇာတာအိမ်နေရာစေတီကုန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ သုဇာတာကျောင်းတော်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာအနီး ဆေနာနိဂမ်ကျေးရွာအနီးတွင်တည်ရှိကာ မြတ်စွာဘုရားရှင်၏ သာသနာရေးသမိုင်းနှင့်ဆက်နွယ်သော အရေးပါသည့်ဘုရားဖူးနေရာတစ်ခုဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မရရှိမှီ အလွန်ပြင်းထန်သော တရားကျင့်စဉ်ကာလအတွင်း ခန္ဓာကိုယ်အားနည်းနေစဉ် သုဇာတာအမည်ရှိ...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဒေလီသို့ ရောက်ရှိ

နိုင်ငံတကာအဆင့် ဩဇာအာဏာနှင့်သံတမန်ရေးရာ ဗျူဟာများပါဝင်နေမည့် မြန်မာ -အိန္ဒိယ "မဟာဗျူဟာမြောက် တွေ့ဆုံမှုကြီး" အတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးဆောင်သော အဖွဲ့သည် ဒေလီမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးနှစ်ဦးသည်မကြာခင်တရားဝင် ထိပ်သီးဆုံတွေ့ကြတော့မည်ဖြစ်သဖြင့် စီးပွါးရေးလောကမှ ပုဂ္ဂိုလ်များက ဒေသတွင်းစီးပွါးရေးကို အကျိုးသက်ရောက်စေမည့် မူဝါဒများ အား နားစွင့်နေကြပြီဖြစ်သည်။ ဒေသတွင်း အကျိုးစီးပွားချိန်ခွင်လျှာများမျှတရေးနှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပထဝီဗျူဟာမြောက် ကုန်သွယ်ရေး လမ်းကြောင်းများ၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို အသုံးချပြီး "အပြန်အလှန် အကျိုးပြု ညှိနှိုင်းမှု" မျိုးများလုပ်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Palam...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071