Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeInternationalဗီယက်နမ်နှင့် ကုန်သွယ်ရေးသဘောတူညီမှုရပြီ- ထရမ့်ပ်

ဗီယက်နမ်နှင့် ကုန်သွယ်ရေးသဘောတူညီမှုရပြီ- ထရမ့်ပ်

နှစ်နိုင်ငံအကြား သံတမန်ရေး အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းမှုများ ကိုသီတင်းပတ်နှင့်ချီ၍ ပြုလုပ်အပြီးတွင် ဗီယက်နမ်နှင့် ကုန်သွယ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့သည်။ လာမည့်သီတင်းပတ်တွင် ဗီယက်နမ်သွင်းကုန်များအပေါ် အခွန်ကောက်ခံမှု ပိုမြင့်လာစေမည့် စည်းကြပ်ခွန်အသစ်ဆိုင်ရာ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ထရမ့်ပ်၏ ကြေညာချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

အမေရိကသို့ တင်သွင်းသည့် ဗီယက်နမ်ကုန်ပစ္စည်းများကို အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သော်လည်း နိုင်ငံအတွင်း ဖြတ်သန်းသယ်ဆောင်သည်ဟု ယူဆသည့် မည်သည့်ကုန်ပစ္စည်းမဆိုအပေါ် ၄၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ထရမ့်ပ်က ဗုဒ္ဓဟူးနေ့တွင် ဆိုရှယ်မီဒီယာပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။ အမေရိက၏ သွင်းကုန်များကိုအခွန်စည်းကြပ်မှုမှန်သမျှလျှော့ချပေးရန် ဟနွိုင်က သဘောတူခဲ့သည်ဟုလည်း ထရမ့်ပ်က ပြောကြားခဲ့သည်။

“တနည်းအားဖြင့်တော့ သူတို့ဈေးကွက်ကို အမေရိကအတွက် ဖွင့်ပေးလိုက်တာပါ။ ဆိုလိုတာက ငါတို့ ထုတ်ကုန်တွေကို ဗီယက်နမ်ဆီ အကောက်ခွန်မဲ့ ရောင်းချနိုင်ပါလိမ့်မယ်” ဟု ထရုဆိုရှယ်မီဒီယာတွင် ထရမ့်ပ်က ရေးသားခဲ့သည်။

ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်နှင့် ဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက် သဘောတူညီချက် ရရှိခဲ့သည်ဟု သမ္မတက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ခေါင်းဆောင်များ၏ ဖုန်းပြောဆိုမှုတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံရေးကို ထိခိုက်စေသော ပြဿနာကို ဖြေရှင်းရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ထရမ့်ပ်က ကတိပြုခဲ့သည်ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်ကို ဈေးကွက်တစ်ခုအဖြစ် အမေရိက,က အသိအမှတ်ပြုရန်နှင့် နည်းပညာမြင့်ထုတ်ကုန်အချို့အပေါ် ပို့ကုန်ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် တိုလမ်က အဆိုပြုခဲ့သည်ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

ကုန်သွယ်ရေးမိတ်ဖက်များသည် အခွန်စည်းကြပ်မှု နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော ဇူလိုင်လ ၉ ရက် နေ့မတိုင်မီ အမေရိကနှင့် အပြီးသတ် သဘောတူညီချက်များကို ရရှိရန် အပြိုင်ကြိုးပမ်းနေကြပြီး ဗီယက်နမ်နှင့် သဘောတူညီချက်ရခဲ့ခြင်းသည် ဗြိတိန်၊ တရုတ်တို့ပြီးလျှင် တတိယမြောက် ကုန်သွယ်ရေးသဘောတူညီချက် ဖြစ်လာမည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071