မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များပြန်လည်ဝင်ေရာက်ရန် စိတ်ဝင်စား
စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မတို့နိုင်ငံကနေ ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်လာဖို့ စိတ်ဝင်စားလို့မေးမြန်းနေတာေတွ၊ ရင်းနှီးမြှုပ်နှံချင်တဲ့အဖွဲ့တွေရှိတာကိုလည်း သတင်းကောင်းကြားခဲ့ရပါတယ်။ B to B MOU ၇ ခုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
ဗီယက်နမ်ဆိုတာ ကျွန်မတို့နိုင်ငံနဲ့သိပ်ပြီးမကွာခြားခဲ့ပေမယ့် အခုတော့ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတတ်နေတာကို တွေ့ရပါတယ်။ ဗီယက်နမ်ရဲ့အားသာချက်က လူတိုင်းအလုပ်လုပ်ပြီး Labour Force Participation Rate အလွန်မြင့်ပါတယ်။ ကျွန်မတို့နိုင်ငံလို Sanction ထိခဲ့တဲ့နိုင်ငံဖြစ်ပေမယ့် ငြိမ်းချမ်းစွာ၊ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်ခဲ့ကြတယ်။ အခြေအနေ အခက်အခဲတွေကို Blame မလုပ်ဘဲ တစ်ဦးချင်းစီက အားသွန်ခွန်စိုက်ကြိုးစားခဲ့လို့ ဆယ်စုနှစ်၂ စုစာအတွင်း အရှိန်အဟုန်နဲ့တိုးတတ်လာတာပါ။ (ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး – နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ)
