ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားအရှေ့ လူကူးဂုံးကျော်တံတားပေါ်တွင် ယနေ့ စက်တင်ဘာ (၂၅) ရက်၊ နံနက်ပိုင်းက ပိုင်ရှင်မဲ့အမျိုးသားရုပ်အလေ-ာင်း (၁) လေ-ာင်းတွေ့ရှိခဲကြောင်း သိရသည်။
အဆိုပါ အမျိုးသားဟာ အိမ်ခြေမဲ့တစ်ဦးဖြစ်ပြီး၊ ဂုံးကျော်တံတား စက်လှေကားခြေရင်းတွင် လဲကျေ-သဆုံးလျက်အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရုပ်အလေ-ာင်းကို ရန်ကုန်ဆေးရုံကြီးသို့ အသင်းကကူညီပို့ဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။
ရန်ကုန်မြို့တွင် ဂုံးကျော်တံတားအများစုတွင် အိမ့်ခြေမဲ့တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ညပိုင်းအချိန်များတွင် အိပ်လေ့ရှိကြကြောင်း မင်္ဂတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။
“အချို့က အိပ်စရာမရှိလို့တက်အိပ်တာကိစ္စမရှိပေမယ့် ညပိုင်းရုံးဆင်းရုံပြန်သမားတွေ ဂုံးကျော်တံတားကနေ ကူးရင် အခန့်မသင့်လုခံရတာတွေရှိတယ်။ စိစစ်ပေးသင့်တယ်”ဟု ၎င်းက ဆိုသည်။
