Monday, August 17, 2026

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...

ပဲခူးမြို့နယ်မြေနိမ့်ပိုင်းနေထိုင်သူများအတွက်  ရေကြီးခြင်းသတိပေးချက် မိုးဇလထုတ်ပြန်

ပဲခူး၊ သြဂုတ် ၁၇ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းတိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုတွင်...

လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်က ကျောင်း ၇...

ဝိုင်းမော်၊ သြဂုတ်-၁၇ ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့်...

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...
HomeNewsLocal Newsဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11 ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိရရှိနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးပိုမိုရရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ထားပြီးဖြစ်ကာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံး တင်ပို့ထားကြောင်း သိရသည်။

ထို့ပြင် စုစုပေါင်းဆန်တန်ချိန် ၅ သန်းအထိ ဝယ်ယူရန် ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့လည်း မြန်မာ့ GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

GW-11 ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်ဈေးကွက်သို့ စတင်တင်ပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပဝယ်လိုအားမြင့်တက်လာမှုနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးထွက် GW-11 ဆန်များသာမက မန္တလေးတိုင်းဒေသကြီးထွက် GW-11 ဆန်များပါ ဈေးကောင်းရရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AFC Women’s Champions League 2026/27 ခြေစစ်ပွဲများ ယနေ့ ယှဉ်ပြိုင်မည်

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ ယနေ့ ပထမပွဲစဉ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီ FC အမျိုးသမီးအသင်း နှင့် FC Jurong တို့ ညနေ ၄ နာရီ တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို MRTV-4 ရုပ်သံလိုင်းမှ အခမဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး Pyone Play Sports YouTube...

ပဲခူးမြို့နယ်မြေနိမ့်ပိုင်းနေထိုင်သူများအတွက်  ရေကြီးခြင်းသတိပေးချက် မိုးဇလထုတ်ပြန်

ပဲခူး၊ သြဂုတ် ၁၇ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းတိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုတွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ မြစ်ရေသည် နောက်၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်က ကျောင်း ၇ ကျောင်းအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ဆောင်ပေး

ဝိုင်းမော်၊ သြဂုတ်-၁၇ ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ဩဂုတ် ၁၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အဆိုပါ အထက်တန်းကျောင်းအပါအဝင် အခြေခံပညာ မူလတန်းလွန်ကျောင်း (၇) ကျောင်းတို့အတွက် နေ့ချင်းအပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀၀)ကျော်နှင့် UID ကတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးတို့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071