Friday, May 1, 2026

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...
HomeNewsFootballပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း...

ပွဲရက်နီးကပ်လာပြီဖြစ်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲ ပွဲရက်နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ယနေ့ ဇန်နဝါရီ (၁၁)ရက်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

မြန်မာလက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် ဇန်နဝါရီ (၁၅)ရက်မှစတင်၍ တရုတ်၊ ဗီယက်နမ်နှင့် မကာအိုအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

ပွဲစဉ် ဇယားအနေဖြင့် ဇန်နဝါရီ (၁၅)ရက်တွင် ဗီယက်နမ်အသင်း၊ ဇန်နဝါရီ (၁၇)ရက်တွင် တရုတ် (တိုင်ပေ)အသင်း၊ ဇန် နဝါရီ(၁၉)ရက်တွင် မကာအိုအသင်းတို့နှင့် အုပ်စုပွဲစဉ်များအနေဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ကစားသမားများစာရင်းတွင် ချောစန္ဒီအောင်(ဂိုး)၊ သရဖီအောင်(ဂိုး)၊ ယဉ်ယဉ်မိုးနိုင် (ဂိုး)၊ ယုမီမီလွင်၊ နန်းဆိုင်မိန်း၊ မေဇင်ဦး၊ ယမင်းသန့်ဇင်၊ ဆုဝါလွင် ၊ ဝတ်ရည်လွင်၊ ယမင်းလွင်၊ မေထက်ပိုင်၊ ဂျိုမိုးညီ၊ ဇင်ငြိမ်းချစ်၊ ဆက်နွယ်နီ၊ နှင်းစန္ဒာလှိုင်၊ သူဇာလှိုင်နှင့် အေး အေးထွေးတို့ကို ရွေးချယ်ထားကြောင်း သိရသည်။

ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ကာ (၁၉) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅) သင်း (၃) အုပ်စု၊ (၄) သင်း (၁) အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခြေစစ်ပွဲ အုပ်စု (၄) ခုမှ ထိပ်ဆုံးရပ်တည်မှု (၂ ) သင်းစီ(၈သင်း)နှင့် အုပ်စု (၄)ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း (၉)သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေ စစ်ပွဲအောင် (၉)သင်း၊ စုစုပေါင်း အသင်း (၁၂) သင်းဖြင့် မေ(၇) မှ (၁၈) ရက်အထိ ကျင်းပသွားမည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁ ရက်ညနေပိုင်းက ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့သည်။ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိ ဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး မြန်မာ နိုင်ငံ၌ မေ ၆ ရက်အထိနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ် ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071