Thursday, August 6, 2026

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...
HomeNewsLocal Newsပွင့်လင်းရာသီတွင် ဖြစ်ပေါ်တတ်သည့် တောမီးလောင်ခြင်းနှင့်...

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်တတ်သည့် တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည်

(Unicode)

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်တတ်သည့် တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှုများ လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည်

နေပြည်တော် ဇန်နဝါရီ ၂၀

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လျက်ရှိသဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်သွားရမည် ဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

ပွင့်လင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းတို့မှ ထွက်ရှိသော မီးခိုးမြူငွေ့နှင့် ပြာမှုန့်များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လျက်ရှိသဖြင့် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေခြင်းကို လျှော့ချသွားရန်၊ မီးလောင်ကျွမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့ညစ်ညမ်းမှု ကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်က ၂၀၁၇ ခုနှစ်မှာ ပေးအပ်ခဲ့တဲ့ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည် တည်တံ့သောမြို့ကြီးများဆု(ASEAN Environmental Sustainable Cites Award)ကို ရရှိထားပြီးဖြစ်တဲ့အတွက် အစိမ်းရောင် မြို့တော်များအင်္ဂါရပ်နှင့်အညီ သန့်စင်သောလေရရှိမှု၊ သန့်ရှင်းသောရေထောက်ပံ့ပေးနိုင်မှု၊ ကောင်းမွန်သည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအလေ့အထတွေစတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံ စံနှုန်းတွေကို အလေးထားလိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမြဲစိမ်းလန်းသာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး မဏ္ဍိုင်သုံးခုကို ဟန်ချက်ညီညီ ပေါင်းစပ် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဆိုပါ အခမ်းအနားတွင် ပြောသည်။

ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပြီး တောမီးနှင့် အခြားမီးလောင်ကျွမ်း ခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း သိရသည်။

(Zawgyi)

ပြင့္လင္းရာသီတြင္ ျဖစ္ေပၚတတ္သည့္ ေတာမီးေလာင္ျခင္းႏွင့္ ေတာင္ယာမီးရႈိ႕ျခင္းတို႔မွ ျဖစ္ေပၚလာေသာ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈမ်ား ေလွ်ာ့ခ်ႏိုင္ေရး ေဆာင္႐ြက္သြားမည္

ေနျပည္ေတာ္ ဇန္နဝါရီ ၂၀

ပြင့္လင္းရာသီတြင္ ျဖစ္ေပၚေလ့ရွိေသာ ေတာမီးေလာင္ျခင္းႏွင့္ ေတာင္ယာမီးရႈိ႕ျခင္းတို႔မွ ထြက္ရွိေသာ မီးခိုးျမဴေငြ႕ႏွင့္ ျပာမႈန႔္မ်ားေၾကာင့္ ေလထုညစ္ညမ္းမႈျဖစ္ေပၚလ်က္ရွိသျဖင့္ နယ္စပ္ျဖတ္ေက်ာ္ မီးခိုး ျမဴေငြ႕ညစ္ညမ္းမႈ ေလွ်ာ့ခ်ေရးလုပ္ငန္းစဥ္မ်ားကို သက္ဆိုင္ရာဌာနအဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္ ႐ြက္သြားရမည္ ျဖစ္ေၾကာင္း ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာေမာင္ေမာင္ႏိုင္၏ ေျပာၾကားခ်က္အရ သိရသည္။

ပြင့္လင္းရာသီတြင္ ျဖစ္ေပၚေလ့ရွိေသာ ေတာမီးေလာင္ျခင္းႏွင့္ ေတာင္ယာမီးရႈိ႕ျခင္းတို႔မွ ထြက္ရွိေသာ မီးခိုးျမဴေငြ႕ႏွင့္ ျပာမႈန႔္မ်ားေၾကာင့္ ေလထုညစ္ညမ္းမႈျဖစ္ေပၚလ်က္ရွိသျဖင့္ Fire Hotspots မီးေလာင္ကြၽမ္းမႈ မ်ားျပားေနျခင္းကို ေလွ်ာ့ခ်သြားရန္၊ မီးေလာင္ကြၽမ္းျခင္းမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ မီးခိုးျမဴေငြ႕ညစ္ညမ္းမႈ ေၾကာင့္ ေဂဟစနစ္ႏွင့္ လူသားတို႔၏က်န္းမာေရးအတြက္ ျဖစ္ေပၚႏိုင္ေသာ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို ႀကိဳတင္ကာကြယ္ႏိုင္ရန္ရည္႐ြယ္၍ ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္အတြင္း နယ္စပ္ျဖတ္ေက်ာ္ မီးခိုး ျမဴေငြ႕ညစ္ညမ္းမႈ ေလွ်ာ့ခ်ေရးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ယေန႔နံနက္(၁၁)နာရီတြင္ ေနျပည္ေတာ္ ေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ က်င္းပခဲ့သည္။

 “ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္က ၂၀၁၇ ခုႏွစ္မွာ ေပးအပ္ခဲ့တဲ့ အာဆီယံပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ေရရွည္ တည္တံ့ေသာၿမိဳ႕ႀကီးမ်ားဆု(ASEAN Environmental Sustainable Cites Award)ကို ရရွိထားၿပီးျဖစ္တဲ့အတြက္ အစိမ္းေရာင္ ၿမိဳ႕ေတာ္မ်ားအဂၤါရပ္ႏွင့္အညီ သန႔္စင္ေသာေလရရွိမႈ၊ သန႔္ရွင္းေသာေရေထာက္ပံ့ေပးႏိုင္မႈ၊ ေကာင္းမြန္သည့္ စြန႔္ပစ္ပစၥည္း စီမံခန႔္ခြဲမႈအေလ့အထေတြစတဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ အေျခခံ စံႏႈန္းေတြကို အေလးထားလိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ အၿမဲစိမ္းလန္းသာယာလွပေရး၊ ဖြံ႕ၿဖိဳးတိုးတက္ ေရးလုပ္ငန္းစဥ္ေတြ ေဆာင္႐ြက္ရာမွာ ပတ္ဝန္းက်င္၊ လူမႈေရး၊ စီးပြားေရး မ႑ိဳင္သုံးခုကို ဟန္ခ်က္ညီညီ ေပါင္းစပ္ ေဆာင္႐ြက္သြားၾကရမွာျဖစ္ပါတယ္” ဟု ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာေမာင္ေမာင္ႏိုင္က အဆိုပါ အခမ္းအနားတြင္ ေျပာသည္။

ထို႔ျပင္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑အေနျဖင့္ ျပည္သူလူထု ပူးေပါင္းလာေစရန္ အသိပညာေပးျခင္းတို႔ကို လုပ္ေဆာင္ရမည္ျဖစ္ၿပီး ေတာမီးႏွင့္ အျခားမီးေလာင္ကြၽမ္း ျခင္းမ်ားေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ မီးခိုးျမဴေငြ႕ ညစ္ညမ္းမႈ ေလွ်ာ့ခ်ႏိုင္ေရး လုပ္ငန္းစဥ္မ်ားကို ထိေရာက္စြာ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ သက္ဆိုင္ရာဌာနမ်ားအေနျဖင့္လည္း ေပါင္းစပ္ညႇိႏႈိင္း ပူးေပါင္းေဆာင္ ႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071