မကွေးမဲဆန္ဒနယ်မှဦးစိုးတင့်နိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းခြင်းအား ပြည်သူ့လွှတ်တော်က ဇွန် ၁၀ ရက်တွင်ကျင်းပသည့် တတိယအကြိမ်ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဥ္စမနေ့)တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီကို ဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှဦးစိုးတင့်နိုင်၊ အတွင်းရေးမှူးအဖြစ် မင်းလှမဲဆန္ဒနယ်မှဦးရဲထွဋ်အောင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့ စည်းတာဝန်ပေးခဲ့ခြင်းဖြစ်ကာ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရ ပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကိုလည်း လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ် သမားရေးရာကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေး သူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော် မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာကော်မတီတို့ဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
ကော်မတီများတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့အပါအဝင် အဖွဲ့ဝင်ဦးရေ ကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများကိုလည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
