Sunday, April 12, 2026

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ဆွေးနွေးပွဲအတွက် ထိုင်း အသင့်မဖြစ်သေး

 ပြည်တွင်းလုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသောကြောင့် ဧပြီလ ၁၇ ရက် နေ့မှ ၂၅ ရက် နေ့အထိ ကျင်းပရန် စီစဉ်ထားသော ထိုင်း-ကမ္ဘောဒီးယား ပူးတွဲနယ်နိမိတ်ကော်မရှင်(ဂျေဘီစီ)...
HomeNewsLocal Newsပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို...

ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ယနေ့စတင်ကျင်းပ

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ယနေ့ နိုဝင်ဘာ ၁ ရက်မှနံနက်ပိုင်းမှစတင်၍ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ ပြည်သူလူထုအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဂီတဖျော်ဖြေမှုများကိုကြည့်ရှုခံစား၍ MSMEs ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင်ခြင်းဖြင့် ပြည်တွင်းသုံးထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ်အရည်အသွေးကောင်းထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်စေပြီး MSMEs လုပ်ငန်းများ ပြည်တွင်း၌ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့အတွက် ရည်မျှော်ရှေးရှုကာ ယခုပွဲတော်ကြီးအားစီစဥ်ကျင်းပခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်အား ယနေ့ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှည ၁ဝ နာ ရီအထိကျင်းပသွားမည်ဖြစ်ကာ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ MSME by G3G Appဆိုင်ခန်းများ၊ : Weday Online Shop ဆိုင်ခန်းများမှ Online Marketplace 4 Digital Marketing နှင့်ပတ်သက်သည့်ဆွေးနွေးမှုများ၊ ကျောင်းသားလူ ငယ်များ စာဖတ်ရှိန် မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များဖြင့် ဆိုင်ခန်းပေါင်း(၆၃၀)ကျော် ခင်းကျင်းပြသရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့အတူ ပွဲတော်ရက်များအတွင်း၌လည်း အလှူရှင်များက နေ့စဉ်စတုဒီတာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှကျော်ကြားသည့် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်ကာ ပွဲတော်လာသူများ သွားလာရေးအဆင်ပြေစေရန် အကြို/အပို့ကားများစီစဉ်ထားကြောင်း သိရသည်။

Photo-Ko Aung Myint

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားတွင် တရုတ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖွင့်      

ကမ္ဘောဒီးယားနိုင်ငံ ကော့ကွန်းပြည်နယ်တွင် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် “အစိမ်းရောင် ပါဝါဘဏ်” အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းထုတ်ထားသော ဒေါ်လာ ၁ ဘီလျံတန် Upper Tatay ရေအားလျှပ်စစ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနှင့် တရုတ်အရာရှိများ တက်ရောက်ခဲ့ကြသည်။    အရှေ့တောင်အာရှနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပုံစံသို့ ပြောင်းလဲရန် အသင့်ဖြစ်နေသော တရုတ်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၏ ပထမဆုံး ဂစ်ဂါဝပ်အဆင့်ရှိ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မှု တရားဝင်စတင်လိုက်ပြီဖြစ်သည်။ အနောက်တောင်ပိုင်း ကော့ကွန်းပြည်နယ်တွင် တည်ရှိသော အထက်တာတေး စီမံကိန်းသည် နိုင်ငံ၏ ကြီးထွားလာသော အစိမ်းရောင်စွမ်းအင်အခြေခံအဆောက်အအုံတွင် ဒေါ်လာ ၁ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံမှုကို...

အီရန်နှင့်ဆွေးနွေးပွဲသဘောတူညီချက်မရဘဲ ယူအက်စ်အဖွဲ့ ပြည်တော်ပြန်

အီရန်နှင့် အချိန် ၂၁ နာရီကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း သဘောတူညီချက်မရရှိခဲ့သောကြောင့် အမေရိကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်မှ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ဆွေးနွေးပွဲတွင် အားနည်းချက်များကို ဗန့်စ်က ကိုးကားပြောဆိုခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ တည်ဆောက်ရေးကိစ္စအပါအဝင် အမေရိကန်၏ စည်းကမ်းသတ်မှတ်ချက်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။          “သတင်းဆိုးကတော့ ကျွန်တော်တို့ သဘောတူညီချက် မရသေးဘူးဆိုတာပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် သတင်းဆိုးဆိုတာထက် အီရန်အတွက် ပိုပြီး သတင်းဆိုးဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သည်။     “ဒါကြောင့် သဘောတူညီချက်မရဘဲ ကျွန်တော်တို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071