Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeNewsLocal Newsပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက်...

ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကိုတိုးမြှင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးတို့နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်၌ပြုလုပ်သည့် (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဗီဒီယိုမိန့်ခွန်းပေးပို့ပြီးပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာကြံ့ခိုင်ကြရန် လိုအပ်ပြီး ထိုသို့ နေထိုင်နိုင်ရန် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ ရွေးချယ်စားသုံးနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ပြုမူရေးတို့အတွက် လက်တွေ့အသုံးချကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်၍ တွေ့ရှိချက်များအား ပြည်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိပညာပေးရမည်ဟု မှာကြားသည်။

ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများမှပေါ်ထွက်လာသည့် ခိုင်မာတိကျသောရလဒ်
အခြေပြုသုတေသနတွေ့ရှိချက်များသည် နိုင်ငံအတွက်ခေတ်နှင့်အညီသင့်တော်သော ကျန်းမာရေး ဆိုင်ရာမူဝါဒများချမှတ်ရန်၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက်အကျိုးရှိအောင်ဆောင်ရွက်နိုင်ရန်၊ လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် လုပ်ငန်းစဉ်များဖော်ဆောင်ရာ၌ များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။

” အခုချိန်မှာ ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်တဲ့ရောဂါတွေကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ မကူးစက်တတ်တဲ့ရောဂါတွေရဲ့ဖြစ်ပွားနိုင်ခြေကို “စစ်တမ်းကောက်လေ့လာခြင်းသုတေသန – ၂၀၂၄” ကို (STEP SURVEY)နဲ့ ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် တိုင်းရင်းဆေးပညာ၏ လက်တွေ့အသုံးချသုတေသနများမှတစ်ဆင့် ပြည်သူများလက်တွေ့အကျိုးရှိစေရေးနှင့် မြန်မာနိုင်ငံ၏တိုင်းရင်းဆေးပညာရပ်၊ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် တိကျခိုင်မာသောသုတေသနပြုထားသည့် အချက်အလက်များပိုမိုရရှိနိုင်ရန် တိုင်းရင်းဆေးပညာရှင်ကြီးများနှင့်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်းအမျိုးအစားများခွဲခြား၍ သုတေသနစာတမ်း(၅၄)စောင်နှင့် ပိုစတာ(၄၃)စောင်ကို ဖတ်ကြားပြသသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071