ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသော ပြည်ပနိုင်ငံသား(၇)ဦးကို ယနေ့ စက်တင်ဘာ ၂ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကင်ညာနိုင်ငံသား(၅)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား (၁)ဦးနှင့် သီရိလင်္ကာနိုင်ငံသား(၁)ဦးတို့အား မြန် မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကင်ညာနိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁)ဦးနှင့် တောင်အာဖရိကနိုင်ငံသား(၂)ဦးတို့ကိုလည်း ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၉၃၇၃)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့အနက်မှ(၉၂၆၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၁၀၄)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
