Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsLocal Newsပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့တွေ့ဆုံ

အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်ကြိုးပမ်းမှုများကိုတန်ပြန်ခြင်းအားဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံ တော်သမ္မတရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦး တင်အောင်စန်းနှင့် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူတို့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် လုံခြုံရေးကောင်စီများ၊ အထူးတပ်ဖွဲ့များနှင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများကြား ပူးပေါင်းဆောင်ရွက်မှု၊ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအပါ အဝင် သတင်းအချက်အလက်လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများကို တန် ပြန်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးကူညီပေးခြင်းဆိုင်ရာတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းမှ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော ရုရှားနိုင်ငံ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် မီဒီယာဝန်ကြီးဌာန ဒု-ဝန်ကြီး Mr. Andrey Zarenin သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသက်ဝင်းအောင်၊ ရုရှားပြည်ထဲရေးဝန်ကြီးဌာန ဒု- ဝန်ကြီး Mr. Igor Zubov နှင့် ရုရှားနိုင်ငံအမျိုးသားအစောင့်တပ်ဖွဲ့ ဒု-အကြီးအကဲ Mr. Oleg Plohoy တို့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒု-ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ်ဇော်လင်းထွန်းနှင့် ရုရှားငွေကြေးစောင့်ကြည့်ရေးဖက်ဒရယ်အဖွဲ့ ဒု-အကြီးအကဲ Mr. Evgeny Gileta ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom  နိုင်ငံတကာစီမံကိန်းများဌာန အကြီးအ ကဲ Ms. Marina Belyaeva တို့လည်းတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး ဒလိုင်းလားမား ‘Meditations’ အသံထွက်စာအုပ်ဖြင့် ဂရမ်မီဆုရရှိ

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook Narration) ကို ဆွတ်ခူးရရှိခဲ့သည်။ အမေရိကန် အဆိုတော်နှင့် တေးရေးဆရာ Rufus Wainwright က ဆရာတော်ကြီးကိုယ်စားတက်ရောက် ဆုယူပေးခဲ့သည်။ "Meditations: The Reflections of His Holiness the Dalai Lama" အမည်ရှိ အဆိုပါ အသံထွက်စာအုပ်အတွက် တေးဂီတဖန်တီးသူများထဲတွင် ဆာရောဒ် (Sarod) ဂီတပညာရှင်ကြီး...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊ အိမ်ကပြေးဆင်းကြရတယ်” ဟု ကြုံတွေ့ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။ လှုပ်ခတ်ခဲ့သော ငလျင်သည် စက္ကန့်ပိုင်းသာ ကြာမြင့်သောလည်း လှုပ်ခတ်မှု အရှိန်ပြင်းထန်ကြောင်းလည်း ယင်းမြို့ခံကပင် ပြောသည်။ မိုးဇလက နောက်ဆက်တွဲမြေငလျင်သတင်းအမှတ်စဉ် -၂၇၃အဖြစ် ထုတ်ပြန်ထားပြီး ပုသိမ်ကြီးမြို့နယ်၏ အနောက်မြောက်ဘက် (၃) မိုင်ခန့်ဟု ဆိုသည်။ အင်အားပမာဏ - ၃.၉ ရစ်(ခ်) တာစကေး ၊ အနက်...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့် Registration အဆင့်ကို ပြန်လည်ပြုလုပ်ရန် လိုအပ်ဟု MAJA အသိပေး

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) က ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ထပ်မံအသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်မှစ၍ လျှောက်လွှာလက်ခံသည့် ကာလတစ်လျှောက်တွင် ပိတ်ရက်မရှိ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အချက်အလက်မှားယွင်းပါက ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုချက်ရရှိရန် (၃) ရက်မှ (၅) ရက်ခန့် ကြာမြင့်နိုင်ကြောင်းလည်း အသိပေးထားသည်။ တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည်သူများ၊ အသက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071