ယနေ့ ရည်ညွှန်းဈေးတွင် ဒီဇယ်စျေး သိသိသာသာကျဆင်းလာပြီး ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၃၆၀ ကျဆင်း
ယနေ့ ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံဈေးတစ်စည်လျှင် ၉၈ ဒေါ်လာဝန်းကျင်ရှိနေပြီး ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည်လည်း ငါးပတ်ဆက်တိုက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (မေလ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၄,၅၈၅ ကျပ်
ဓာတ်ဆီ 95 Ron: ၄,၆၅၀ ကျပ်
ဒီဇယ် (HSD 500 ppm): ၄,၄၆၀ ကျပ်
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၅,၄၈၅ ကျပ် အသီးသီး ဖြစ်သည်။ လာမည့် မေ ၂၈ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။
ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ကျပ်၂၀၊ ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၅ ကျပ် ဈေးတက်လာသော်လည်း ဒီဇယ် တစ်လီတာလျှင်မူ ကျပ်၃၆၀ ၊ ပရီမီယံဒီတစ်တစ်လီတာလျှင် ကျပ် ၃၃၀အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ ဓာတ်ဆီ 92 Ron တစ်လီတာ ၄၇၃၅ ကျပ်၊ ဓာတ်ဆီ 95 Ron: တစ်လီတာ ၄၉၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၆၄၈၅ ကျပ် ၊ ပရီမီယံဒီဇယ် တစ်လီတာ ၇၇၅၅ ကျပ် ဖြစ်သည်။
ဧပြီလကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှင့် ယခုမေလကုန်ပိုင်းတွင် ဖြစ်ပေါ်နေသည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါက-
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ကျပ် ၁၅၀၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၂၉၅ ကျပ်၊
ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၀၀၀ ကျော်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂၀၀ ကျော် ကျဆင်းလာခဲ့သည်။
