Tuesday, December 16, 2025

ဖေဖော်ဝါရီလ ၈ ရက်‌နေ့တွင် ထိုင်းရွေးကောက်ပွဲများ...

ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ ၈ ရက် နေ့တွင် လွှတ်တော်ရွေးကောက်ပွဲများကိုကျင်းပရန် စီစဉ်ထားကြောင်း ထိုင်းပီဘီအက်စ်ရုပ်သံ၊ ပီပီတီဗီရုပ်သံနှင့် ပရာချတ်ထိုင်းဒီဂျစ်တယ်သတင်းဌာနအပါအဝင် ဒေသတွင်းမီဒီယာများစွာက ဒီဇင်ဘာလ ၁၅...

ကမ္ဘောဒီးယားသို့‌ရေနံနှင့် စစ်လက်နက်မပို့နိုင်ရန် ထိုင်းပင်လယ်ကွေ့ကို ပိတ်ဆို့မည်ဟုဆို

လက်ရှိဖြစ်ပွားနေသော ရန်လိုတို-က်ခိုက်မှုများအတွင်း ထိုင်းပင်လယ်ကွေ့မှတဆင့် ကမ္ဘောဒီးယားသို့ ရေနံနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှုကို ပိတ်ဆို့ရန် ထိုင်းဘုရင့်တပ်မတော်က နိုင်ငံတော်လုံခြုံရေးကောင်စီ (အင်န်အက်စ်စီ) သို့ အဆိုပြုခဲ့သည်။ တနင်္ဂနွေနေ့က...

ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု”...

အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း "များစွာတိုးတက်မှု" ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က...

အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်–ထရမ့်ပ်

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် စစ်ပွဲကိုမရပ်ပါက ၎င်းတို့နှစ်နိုင်ငံကို အခွန်အသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။ သောကြာနေ့က ဝေါစထရိဂျာနယ်နှင့် ထရမ့်ပ်၏ အင်တာဗျူးကို အခြေခံ၍...
HomeNewsLocal Newsပြင်ဦးလွင်မြို့နယ်အတွင်း မြေ‌ရောင်းချမှုများတွင် နိုင်ငံတော်မှ...

ပြင်ဦးလွင်မြို့နယ်အတွင်း မြေ‌ရောင်းချမှုများတွင် နိုင်ငံတော်မှ ခွင့်ပြုထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်းမရှိပါက အရေးယူခံရမည်ဟုဆို

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် နိုင်ငံတော်အစိုးရမှ ခွင့်ပြုချထားပေးသည့် နည်းလမ်းများအတိုင်း လုပ်ကိုင်ခြင်းမရှိဘဲ မြေကွက်များအား ကွက်စိပ် ရိုက်၍ ရောင်းချနေမှုများနှင့် ပတ်သက်၍ အစိုးရက ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်း လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ‌မြေအမျိုးအစားများအား ဈေးနှုန်းသက်သာစွာ အိမ်ခြံမြေအကျိုးဆောင်များ၊ ပွဲစားများမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Live လွှင့်ကာ မဲနှိုက်‌ရောင်းချခြင်း၊ကြေညာရောင်းချနေခြင်းများနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် ၊ ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပုံစံ (၇) ရရှိထားသော်လည်း ပုံစံ (၇) ပါစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ခြင်းမရှိဘဲ ကျော်လွန် ဆောင်ရွက်ခြင်း၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး ခွင့်ပြုချက်မရရှိဘဲ မြေကွက်များ အကွက်ရိုက်ခြင်း၊ အဆောက်အဦးများ ဆောက်လုပ်နေခြင်း၊အခြားနည်းအသုံးပြုခွင့် ရရှိထားသော်လည်း လျှောက်ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေ ငှားဂရန် အငှားချထားခြင်း ခံရသူများမှလည်း မြေငှားဂရန်စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ကွက်စိပ်များရိုက်၍ ရောင်းချနေခြင်းများရှိနေကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။

ပြင်ဦးလွင်မြို့ ၊ မြို့ပေါ်ရပ်ကွက်ကြီး(၂၁)ရပ်ကွက်သည် စည်ပင်နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ယင်းရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရားဝင်ဆောက်လုပ်ခွင့်ရှိသယောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြေညာ၍ မြေကွက်များရောင်းချနေသည်ကိုလည်း စိစစ်တွေ့ရှိရ‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်း မြေကွက်များအား ကွက်စိပ်ရိုက်ခြင်း၊ ကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများအပေါ် မြေအမျိုးအစားနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေကွက်များအား ကွက်စိပ်ရိုက်၍ မက်လုံးပေးရောင်းချနေမှုများကို ဝယ်ယူမိပါက နောင်တစ်ချိန်တွင်နစ် နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပြီး မြေယာလုပ်ပိုင်ခွင့် ရရှိသူများ အနေဖြင့်လည်း မြေအမျိုးအစားအလိုက် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် စည်းကမ်းများအတိုင်းလိုက်နာခြင်းမရှိပါ က သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဟု ပြည်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖေဖော်ဝါရီလ ၈ ရက်‌နေ့တွင် ထိုင်းရွေးကောက်ပွဲများ ကျင်းပမည်ဟုဆို

ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ ၈ ရက် နေ့တွင် လွှတ်တော်ရွေးကောက်ပွဲများကိုကျင်းပရန် စီစဉ်ထားကြောင်း ထိုင်းပီဘီအက်စ်ရုပ်သံ၊ ပီပီတီဗီရုပ်သံနှင့် ပရာချတ်ထိုင်းဒီဂျစ်တယ်သတင်းဌာနအပါအဝင် ဒေသတွင်းမီဒီယာများစွာက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းများကိုဖော်ပြခဲ့ကြသည်။ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ပြီးခဲ့သည့်သီတင်းပတ်တွင် လွှတ်တော်ကို ဖျ-က်သိမ်းရန် ဘုရင်၏ခွင့်ပြုချက်ကိုရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲသတင်းထွက်လာခြင်းဖြစ်သည်။ လွှတ်တော်ဖျ-က်သိမ်းပြီး ရက်ပေါင်း ၄၅ ရက်မှ ၆၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်သည် လက်ရှိတွင် ရွေးကောက်ပွဲရက်စွဲနှင့်ပတ်သက်၍ဆွေးနွေးနေကြောင်း ရွေး/ကော်အရာရှိတစ်ဦးကပြောကြားခဲ့ပြီး ထွက်ပေါ်နေသောသတင်းများကို အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။ ပြီးခဲ့သောသီတင်းပတ်တွင် မစ္စတာအနူတင်သည်...

ကမ္ဘောဒီးယားသို့‌ရေနံနှင့် စစ်လက်နက်မပို့နိုင်ရန် ထိုင်းပင်လယ်ကွေ့ကို ပိတ်ဆို့မည်ဟုဆို

လက်ရှိဖြစ်ပွားနေသော ရန်လိုတို-က်ခိုက်မှုများအတွင်း ထိုင်းပင်လယ်ကွေ့မှတဆင့် ကမ္ဘောဒီးယားသို့ ရေနံနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှုကို ပိတ်ဆို့ရန် ထိုင်းဘုရင့်တပ်မတော်က နိုင်ငံတော်လုံခြုံရေးကောင်စီ (အင်န်အက်စ်စီ) သို့ အဆိုပြုခဲ့သည်။ တနင်္ဂနွေနေ့က အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သော လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲများထံမှ အရေးပေါ်တင်ပြစာတွင် ကမ္ဘောဒီးယားသို့ ပို့မည့်ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ပင်လယ်ကွေ့တွင် ပိတ်ဆို့ဟန့်တားရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက အင်န်အက်စ်စီသို့ ချက်ချင်းအဆိုပြုချက်တင်ရန် တောင်းဆိုထားခဲ့သည်။ အဆိုပြုချက်အရ ထိုင်းရေပိုင်နက်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာလာသော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများအပါအဝင် သင်္ဘောအမျိုးမျိုးဖြင့် သယ်ဆောင်လာသော ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ကြားဖြတ်ပိတ်ဆို့ရန် အင်န်အက်စ်စီက ထိုင်းရေကြောင်း ဥပဒေစိုးမိုးရေးဌာန...

ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန် အထူးသံတမန် ပြောကြား

အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း "များစွာတိုးတက်မှု" ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ပြောကြားသည်။ "ကိုယ်စားလှယ်များဟာ ငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါ အစီအစဉ်၊ စီးပွားရေးအစီအစဉ်တွေနဲ့ အခြားအရာတွေနဲ့ပတ်သက်ပြီး နက်နက်နဲနဲ ဆွေးနွေးခဲ့ကြပါတယ်" ဟု ဝစ်ကော့ဖ်က သူ၏ X လူမှုကွန်ရက် အကောင့်တွင် ပြောကြားခဲ့သည်။ "များစွာတိုးတက်မှုတွေရရှိခဲ့ပြီး မနက်ဖြန်မနက်မှာ သူတို့ထပ်မံတွေ့ဆုံကြမှာပါ" ဟုလည်း ဆိုသည်။ ယူကရိန်း၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းရန်အတွက် အမေရိကန်-ယူကရိန်းဆွေးနွေးပွဲများကို ဘာလင်မြို့ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071