ပြင်ဦးလွင်မြို့ရှိ စည်ပင်အဖွဲ့ပိုင် တည်ဆောက်ဆဲ ခေတ်မီအဆင့်မြင့် သုမင်္ဂလာဈေး (ညံတောဈေး)ကို အမျိုးအစားအလိုက်၊ နေရာအလိုက် တင်ဒါစနစ်ဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေတ်မီအဆင့်မြင့်ဈေးတွင် ငှားရမ်းမည့်နေရာများမှာ မြေညီထပ်ရှိ ဘဏ်နေရာ ငါးနေရာ၊ Branded ဆိုင် (၁၇) နေရာ၊ သားငါးနှင့် ကုန်စိမ်း (အအေးခန်း) (၂၆) ခန်း၊ စားသောက်ဆိုင်ခန်း သုံးနေရာ၊ Supermarket (Shopping Mall) တစ်နေရာ၊ ဈေးပထမထပ်ရှိ Branded ဆိုင်နေရာ (၅၀)၊ စတုတ္တထပ်၊ ပဉ္စမထပ်နှင့် ခေါင်မိုးထပ်ရှိ Restaurant & Snack Shop (၁၅) ဆိုင်၊ အခြားဆိုင်ခန်း (၈၅ ဆိုင်၊ ပဉ္စမထပ်ရှိ လူ ၃၀၀ ဆံ့မင်္ဂလာခန်းမ တစ်နေရာ၊ ခေါင်မိုးထပ်ဆိုင်ခန်းများနှင့် သုမင်္ဂလာဈေး(ညံတောဈေး) အပြင်နံရံများ၏ ဆိုင်းဘုတ်များသုံးနေရာ၊ မြေအောက်ထပ်ရှိကား၊ ဆိုင်ကယ်ရပ်နားရန် နေရာများ၊ မန္တလေး-လားရှိုး လမ်းဘက်ခြမ်း (၅) ခု၊ မြို့ပတ်လမ်းဘက်ခြမ်း (၁၀) ခု၊ သုမင်္ဂလာလမ်းဘက်ခြမ်း (၇)ခုနှင့် LED ဆိုင်းဘုတ်(၁)နေရာတို့အား ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရာများအတွက် တင်ဒါလျှောက်လွှာတင်သွင်းလိုသူများအနေဖြင့် လျှောက်လွှာများကို စက်တင်ဘာလ (၁၉) ရက်မှ စတင်ရောင်းချပေးလျက်ရှိရာ အောက်တိုဘာလ (၁၀) ရက်အထိ ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည်။
ပြင်ဦးလွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၌ လျှောက်လွှာများကိုဝယ်ယူကာ ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အထပ်လိုက်သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း တင်ဒါတင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။
