Thursday, May 14, 2026

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ...

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊...

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင်...
HomeMoviesပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ်၌ ပန်းသုတေသနခြံဆောင်ရွက်ရန်...

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ်၌ ပန်းသုတေသနခြံဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်ထိန်းသိမ်းထားရှိမှုအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၂ ရက်နေ့လည်ပိုင်း၌ ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်ရှင်းလင်းဆောင်ခန်းမတွင် ဥယျာဉ်မှတာ ဝန်ရှိသူများက နစက ဥက္ကဋ္ဌအား အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ဆောင်ရွက်ထားရှိမှုများနှင့် ၁၅ ကြိမ်မြောက် ပန်းပွဲတော်ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။

ဥယျာဉ်၏အသက်သည် ရေကန်များဖြစ်၍ လာရောက်လည်ပတ်သူများကို အဓိကဆွဲဆောင်ထားသည့် ရေကန်များသာယာလှပရန်နှင့်ရေကိုစနစ် တကျထိန်းသိမ်းထားရှိမှသာ လာရောက်လည် ပတ်သူများကိုဆွဲဆောင်နိုင်မည်ဖြစ်ကာ ရေဝင်ရောက်ရန်နှင့်ရေကိုထိန်းသိမ်းနိုင်ရန် ဒေသဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့များ၊သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ ဝိုင်းဝန်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ပြင်ဦးလွင်မြို့အား တောင်ပေါ် အပန်းဖြေမြို့ တော်၊ချယ်ရီမြို့တော်၊ပန်းမြို့တော်ဟု ခေါ်ဆို သည်နှင့်အညီ ဒေသမျိုးရင်းပန်းများ ဥယျာဉ်အတွင်းမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေးဖော်ထုတ်စိုက်ပျိုးရမည်ဟု မှာကြားသည်။

“ဒေသမျိုးကို ထိန်းသိမ်းနိုင်ဖို့နဲ့ ခိုင်မာမှုရှိဖို့ ပန်းသုတေသနခြံ ဆောင်ရွက်ဖို့လိုပါတယ် ဆယ့်နှစ်လရာသီပတ်လုံးဖူးပွင့်နိုင်တဲ့ ပန်းမျိုးစုံရှိတဲ့အ တွက် ဒေသကိုလာရောက်တဲ့ ခရီးသွားဧည့်သည်တွေ ဘယ်အချိန်ပဲလာလာ စိတ်ချမ်းသာမှုရှိစေဖို့ ပန်းတွေ အမြဲမပြတ်ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ကန်တော်လေးရေပိုလွှဲတိုးချဲ့တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အမျိုးသားကန်တော်ကြီးဥယျာဉ်တော်ရှိ ရေကန်များအတွင်း ယခင်နှစ်ပိုင်းက ရေဝင်ရောက်မှုနည်းပါးခဲ့၍ နစက ဥက္ကဋ္ဌ၏လမ်းညွှန်ချက်များအရ သက်ဆိုင်ရာဌာနများက ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ကန်တော်ကြီးအ တွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်စစ်ဆေးစဉ် ရေ လှောင်ကန်အတွင်း ကန်ရေအနက် ၁၆ ပေရှိခဲ့ရာမှ ယခုအခါ ၃၁ ဒသမ ၈ ပေနှင့်ကန်အမှတ် ၁ တွင် ရေပြည့်အမှတ် ၆ ပေမှ ရေအမှတ် ၆ ဒဿမ ၅ ပေ၊ ကန်အမှတ် ၂ တွင် ရေပြည့်အမှတ် ၇ ပေမှ ရေအမှတ် ၇ ပေ၊ ကန်အမှတ် ၃ တွင် ရေပြည့်အ မှတ် ၁၁ ပေမှ ရေအမှတ် ၈ ဒဿမ ၈ ပေရှိလာပြီဖြစ်ကာ ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်ရှိ မူလွန်ကျောင်းတွင် သန့်ရှင်းရေးပြုလုပ် ခြင်းဆေးဖျန်းကာ အုတ်ကန်များကိုအဘိတ်ဆေးထည့်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက ရက်(၁၀၀)စီမံချက်အဖြစ် ကျောင်းနှင့် ဝန်းကျင်စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ဆောင်များအတွင်း ခြင်ဆေးဖျန်းခြင်း၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန် ကျောင်းဝင်းအတွင်းရှိ အုတ်ကန်များအတွင်း အဘိတ်ဆေးထည့်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ(Photo News)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ နိုင်ငံတော်ခရီးစဉ်အဖြစ် ပေကျင်းမြို့သို့ မေ ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့သည်။ ယင်း ခရီးစဉ်သည် ၉ နှစ်နီပါး ကာလအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ သမ္မတတစ်ဦး ၏ ပထမဆုံးခရီးစဉ်လည်း ဖြစ်သလို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ထရမ့်၏ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း သူ၏ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်သည်။

သမ္မတ ရှီနှင့် အကြီးအကျယ်ဆွေးနွေးရန်မျှော်လင့်–ထရမ့်ပ်

ပေကျင်း၊ မေလ ၁၄ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အကြီးအကျယ် ဆွေးနွေးရန် မျှော်လင့်နေကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ပေကျင်းမြို့ရှိ ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတ ရှီနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည့် အဖွင့်အမှာစကားတွင် “ဒီတွေ့ဆုံပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ထိပ်သီးအစည်းအဝေး ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။ “အခက်အခဲတွေ ရှိခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ အတူတကွ ဖြေရှင်းနိုင်ခဲ့ကြပါတယ်” ဟု ထရမ့်ပ်က ဆိုသည်။ “ကျွန်တော်တို့ အတူတကွ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071