မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာ ယာလမ်းနှင့် ရတနာလမ်းကြားရှိ စာပန်းအိမ်ဘော်ဒါဆော င်၌ ယနေ့ ဇန်နဝါရီ(၂၂)ရက် (၁)နာရီ မိနစ် (၂၀)အချိန်၌ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဆိုလာမှတဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သည်ဟု သုံးသပ်မှုများ ရှိနေသော်လ ည်း မည်သို့စလောင်ကျွမ်းသည်ကို မီးသတ်ဦးစီးဌာနက စုံစ မ်းဆဲဖြစ်သည်။
“အန္တာရယ်ဘေးကင်းလို့ ငြိမ်းသွားပါပြီ။ ဘေးအိမ်လည်း မီးမကူဘဲ ဘေးကင်းပါတယ်နော်။ ကလေးတွေလဲ စာသင်သွားနေကြတာမို့ အဆောင်မှာ ကလေးတွေ မရှိပါဘူးနော်။ ဝါယာကြိုးကနေ ရှော့ဖြစ်လောင်တာပါနော်”လို့ ပြင်ဦးလွင်နေ အခင်းဖြစ်စဉ်ကို သိရှိသူ အမျိုးသမီးတစ်ဦးက သူမ၏ လူ မှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
မီးလောင်ပြင်သို့ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းရှိ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကာ (၁)နာရီ (၃၈)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သ ည်ဟု မီးသတ်ဦးစီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – May Myo Thu
