Home Movies ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

0
63

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here