Tuesday, May 26, 2026

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန် ၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်က လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

မုံရွာမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်းနှင့်...

လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင်...
HomeMoviesပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်...

ပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံ ပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းဖွင့်လှစ်မည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရကျောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၅၀၀)ကျောင်း၊ အလယ်တန်းကျောင်း (၂,၁၅၉)ကျောင်း၊ မူလတန်းကျောင်း(၁,၈၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေ ခံပညာအလယ်တန်းကျောင်း(၆၇)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကကျောင်းအနေဖြင့် အ ခြေခံပညာအထက်တန်းကျောင်း(၈၇)ကျောင်း၊ အ လယ်တန်း(၁၆)ကျောင်းနှင့် မူလတန်း(၁၄)ကျောင်းတို့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ မေ ၂၆ ရက်နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဝန်ကြီးချုပ်က ကျောင်းအပ်နှံပေးခြင်းသည် သား သမီးများ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်ပြီး အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးသာယာအေးချမ်းရန် ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ခြင်းဖြစ်၍ နိုင်ငံတော်အစိုးရအဖွဲ့မှဖွင့်လှစ်ပေးနေသော အခြေခံပညာကျောင်းများကို ကျောင်းနေအရွယ်က လေးအားလုံးအပ်နှံရန်နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက်ဘက်ပေါင်းစုံမှဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဝန်ကြီးချုပ်က နိုင်ငံတော်မှအခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးစာအုပ်များ၊ မူလတန်းကျောင်းဝတ်စုံများ၊ စာသင်ခန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် ခဲတံ၊ ဘောပင်တို့အား သက်ဆိုင်ရာခရိုင်ပညာရေးမှူးများထံပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ KG မှ Grade 12 အထိ စာသင်ခန်းများအလိုက် ကျောင်းသား/သူများကျောင်းအပ်နှံနေမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတပြော

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သို့ပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက် နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လိုအပ်မည်ဟု ပြော သည်။ " နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အား နည်းချက်တွေဖြစ်ပေါ်နေတာကို အလေးထားပြီးပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ရပါမယ်။ မိမိတို့အစိုးရအ နေနဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေးအား၊ စီး ပွားရေးအား၊ ကာကွယ်ရေးအားတွေတိုးတက်လာစေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်းကို ကမ္ဘာအေးမြေငလျင်စခန်းကတိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၉ ရက်၌ကျင်းပမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန် ၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်က လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ တို့အရ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သည့် ကော်မတီအသီးသီးက သက်ဆိုင်ရာ ကော်မတီအလိုက်အစည်းအဝေးများပြုလုပ်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071