ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး နီပေါလူမျိုး တောင်တက်သမား ခြောက်ဦးမက အသ-က်ဆုံးရှုံးခဲ့သည်။
ယင်းဖြစ်ရပ်သည် ဆယ်စုနှစ်များစွာကြာ နည်းပညာကျွမ်းကျင်မှု၊ ခေါင်းဆောင်မှုနှင့် စံချိန်သစ်တင်အောင်မြင်မှုများကို ဆောင်ကျဉ်းခဲ့သည့် နိုင်ငံက မွေးထုတ်ပေးခဲ့သော အထူးချွန်ဆုံး တောင်တက်သမားမျိုးဆက်များထဲမှ တစ်စု ကို ဆုံးရှုံးစေခဲ့သည်။
ေ-သဆုံးသူများထဲတွင် နင်မ်ဒိုင်ဟု လူသိများသော ကမ္ဘာကျော်တောင်တက်သမား နီရ်မယ်လ် ပူရ်ဂျာ နှင့်အတူ ခေတ်သစ် ဟိမဝန္တာတောင်တက်ခြင်း အတတ်ပညာကို ဖော်ဆောင်ရာတွင် အထောက်အကူပြုခဲ့သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရှိသည့် ထိပ်တန်းနီပေါတောင်တက်လမ်းပြ ငါးဦး ပါဝင်ခဲ့သည်။
နီပေါနိုင်ငံအနေဖြင် နိုင်ငံတကာ အသိအမှတ်ပြုထားပြီး အလွန်ထူးချွန်သော တောက်တက်သမားများကို တောင်တက် ခရီးစဉ်တစ်ခုတည်းမှ ဆုံးရှုံးခဲ့ရခြင်းမျိုးသည် ရှားရှားပါးပါးဖြစ်ရပ်ဖြစ်ကြောင်း နီပေါခရီးသွားလုပ်ငန်းရှင်များက ပြော ကြားကြသည်။
နှင်းထုပြိုကျမှုတွင် ေ-သဆုံးခဲ့သူများမှာ ယွတ်တာဟုလည်း လူသိများသော ပါရ် ဘဟာဒူရ် ဂါရန်၊ ကီလူဟု လူသိများသော ကီလီ ပမ်ဘာ ရှာပါ၊ နီမာ ရှာပါ၊ နာဝမ် သန်ဒူရှာပါနှင့် ဂေလူဟု လူသိများသော ဂေးဂျန်ရှာပါတို့ဖြစ်သည်။
၎င်းတို့အများစုသည် ဧဝရက်တောင်နှင့် တကွ မီတာ ၈,၀၀၀ အမြင့်ရှိ သော အခြားတောင်ထိပ်များစွာကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး အများစုမှာ ၎င်းတို့၏ အောင်မြင်မှုများအတွက် ကမ္ဘာက သိအမှတ်ပြုမှုကို ရရှိ ထားသူများ ဖြစ်ကြသည်။
Ref: သယ်စထရိတ်တိုင်းမ်စ်
