ကဘူးလ်မြို့ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာကို ပါကစ္စတန်က လေကြောင်း မှ တိုက်ခိုက်ခဲ့သဖြင့် လူ ၄၀၀ ကျော် ေ-သဆုံးကာ ၂၆၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန် တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ပါကစ္စတန်က အဆိုပါ သတင်းထုတ်ပြန်ချက်သည် မှားယွင်းပြီး လှည့်ဖြားမှု အဖြစ် ငြင်းဆိုခဲ့ပြီး တနင်္လာနေ့ညတွင် “စစ်တပ် အဆောက်အအုံများနှင့် အကြမ်းဖက်ထောက်ပံ့ရေး အခြေခံအဆောက်အဦများကို အတိအကျပစ်မှတ်ထား၍ တို_က်ခိုက်ခဲ့သည်” ဟု ပြောကြားခဲ့သည်။
တင်းမာမှုများ ဖြေလျှော့ရန် စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ေရး ကို တိုက်တွန်းရန် တရုတ်နိုင်ငံက အဆင်သင့်ဖြစ်နေပြီဟု ပြောကြားပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ကဘူးလ်ကိူ လေကြောင်းမှ တို_က်ခိုက်ခြင်းဖြစ်သည်။
ကာတာ၊ တုကီယေးနှင့် ဆော်ဒီအာရေးဗျတို့၏ ယခင်က ဖျန်ဖြေရေး ကြိုးပမ်းမှုများသည် မအောင်မြင်ခဲ့ပေ။
အာဖဂန်နစ္စတန်သည် သံတမန်ရေးအရ ဖြေရှင်းချက်တစ်ခုနှင့် ပတ်သက်၍ ပါကစ္စတန်၏ ရည်ရွယ်ချက်များကို ယုံကြည်မှု ပျေ-ာက်ဆုံးနေကြောင်း တာလီဘန် နိုင်ငံခြားရေး ၀န်ကြီး Amir Khan Muttaqi က ပြောကြားခဲ့သည်။
2,600 ကီလိုမီတာ (1,600 မိုင်) ရှည်လျားသော ဘုံနယ်နိမိတ် ရှိသော တောင်အာရှ အစ္စလာမ္မစ် အိမ်နီးချင်းများကြား ပဋိပက္ခသည် အဆိုးရွားဆုံးဖြစ်သည်။
Ref စီအင်န်အင်န်
