Saturday, August 1, 2026

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ...

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC...

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁...

အီတလီတွင် ပြင်းအား ၄ ဒဿမ...

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ...
HomeNewsLocal Newsပညာရေးအသုံးစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅...

ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ အဆင့်ဆင့်တိုးမြှင့်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အရှိန်မြှင့်မည်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံဖြစ်သည့် ပညာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုကို အဆင့်ဆင့်တိုးမြှင့်ပြီး ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး တိုးချဲ့ရေး၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် ရာထူးလမ်းကြောင်း မြှင့်တင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေးဆိုင်ရာအသုံးစရိတ်များအပါအဝင် စုစုပေါင်း ၉ ဒသမ ၂၂ ရာခိုင်နှုန်း သုံးစွဲသွားမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ၁၀ ရာခိုင်နှုန်းထက်မနည်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ပညာရေးကဏ္ဍတစ်ရပ်လုံးအတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၇ ဒသမ ၅ သန်းကျော် တက်ရောက်ပညာသင်ကြားနေပြီး ယခင်ပညာသင်နှစ်ထက် သုံးသိန်းကျော် တိုးလာကြောင်း သိရသည်။ သို့ရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ကျောင်းတက်ရောက်သူ ၉ ဒသမ ၄ သန်းရှိခဲ့သဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။

ကျောင်းပြင်ပရောက်ကလေးများ ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် Placement Test အထူးအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်၌ ၄၃,၅၁၀ ဦးနှင့် အလယ်တန်းအဆင့်၌ ၇,၈၆၅ ဦး အောင်မြင်ခဲ့သည်။ ပညာရေးအားနည်းသည့်ဒေသများတွင် KG+9 အထိ ပညာသင်ကြားနိုင်ရေး အထူးစီမံချက်များ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။

စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း ၉၂ ကျောင်း ဖွင့်လှစ်ထားပြီး KG+6 အတန်းတွင် ပြဋ္ဌာန်းစာအုပ်များဖြင့် စတင်သင်ကြားနေပြီဖြစ်သည်။ KG+7၊ KG+8 နှင့် KG+9 အတန်းများအတွက်လည်း ပြဋ္ဌာန်းစာအုပ်များ ဖြန့်ဝေ၍ သင်ကြားနိုင်ရေးနှင့် အရည်အချင်းပြည့်မီသည့် နည်းပြများ လုံလောက်စွာ မွေးထုတ်ပေးရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းအနက် ပွင့်ဖြူ၊ သာယာဝတီ၊ သထုံနှင့် ဟဲဟိုးရှိ သိပ္ပံကျောင်းများကို ကောလိပ်အဆင့်သို့ မြှင့်တင်ရန် စီစဉ်နေသည်။ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များကိုလည်း လိုအပ်ချက်နှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း ၅၀,၉၆၂ ကျောင်းအနက် ၃၅,၅၃၉ ကျောင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် ၅၀ အနက် ၄၈ ခုကို ဖွင့်လှစ်ထားသည်။ အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမ ၃၁၅,၂၈၅ ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ၁၀,၆၇၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ခန့်အပ်ရန်ကြန့်ကြာနေသည့် ဆရာ၊ ဆရာမ ၈,၀၀၀ ကိုလည်း ယခုလအတွင်း ခန့်အပ်ခဲ့ပြီးဖြစ်သည်။

ပညာရေးဒီဂရီကောလိပ် ၂၅ ခုအနက် ငါးခုကို ဆရာအတတ်ပညာသင်တက္ကသိုလ်အဆင့်သို့ မြှင့်တင်မည်ဖြစ်သည်။ ထူးချွန်စွာအောင်မြင်သူများကို မဟာဘွဲ့ဆက်လက်သင်ယူခွင့်ပေး၍ မဟာဘွဲ့ရရှိပါက အထက်တန်းပြအဖြစ် ခန့်အပ်မည်ဖြစ်သည်။ မူလတန်းပြနှင့် အလယ်တန်းပြများအတွက်လည်း လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်သည့် ရာထူး၊ လစာတိုးမြှင့်ရေးလမ်းကြောင်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် စာမေးပွဲအောင်မြင်ရေးသက်သက်ကို ဦးတည်ခြင်းမဟုတ်ဘဲ သင်ခန်းစာများကို အမှန်တကယ်နားလည်တတ်မြောက်ပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရေးကို အလေးထားမည်ဖြစ်သည်။ အလွတ်ကျက်မှတ်မှုနှင့် အသေးစိတ်စာလုံးအသုံးအနှုန်းကိုသာ အခြေခံသည့် အကဲဖြတ်စနစ်ကိုလည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် အစိုးရရက်ပေါင်း ၁၀၀ ကာလအတွင်း Smart School နှင့် Football for Schools Programme တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည်။ တက္ကသိုလ်များတွင်လည်း ဘွဲ့နှင်းသဘင်ခန်းမ၊ အပန်းဖြေရိပ်သာ၊ အဆင့်မီဘောလုံးကွင်းနှင့် အားကစားရုံများ တည်ဆောက်ပေးလျက်ရှိသည်။

အဆင့်မြင့်ပညာရေးနှင့် သုတေသနဖွံ့ဖြိုးရေးအတွက် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင် သုတေသနစွမ်းရည်မြှင့်တင်ရေးဗဟိုဌာနများ တည်ထောင်ထားသည်။ အဆိုပါတက္ကသိုလ်များ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စီးပွားရေးနှင့် ဥပဒေပညာရပ်များတွင် ထူးချွန်သူများအား သက်ဆိုင်ရာပညာထူးချွန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Esports ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံမှ YG MLBB အသင်း တက်ရောက်ကာ ကမ္ဘာ့ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိ

YG ဟာ Team Falcons PH နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Semifinal ပွဲစဉ်မှာတော့ 3:2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပြီပဲ ဖြစ်ပါတယ်။ August လ (၁)ရက်နေ့မှာတော့ Grand Finals ပွဲစဉ်ကို ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် မြန်မာအသင်း YG ကို တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာအားပေးကြရမှာပဲဖြစ်ပါတယ်။ MLBBEsports #MobileLegends #YangonGalacticos

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး သုတေသနစမ်းသပ်အောင်မြင်

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့် ဆေးဝါးများတွင် ဆီးချိုရောဂါကုသဆေး (၂) မျိုး၊ ကိုယ်ခံအားကျဆင်းမှုကူးစက်ရောဂါ (HIV) ကုသဆေး (၁) မျိုး၊ အရိုးအကြောအဆစ်ရောဂါကုသဆေး (၁) မျိုး၊ ကင်ဆာရောဂါကုသဆေး (၁) မျိုးနှင့် မေ့ဆေး (၁) မျိုးတို့ ပါဝင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း သုတေသနဌာနတွင် ယမန်နေ့က ကျင်းပသည့် အခမ်းအနား၌...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဩဂုတ် ၁ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071