Home Movies ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုမြင့်တက်

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုမြင့်တက်

0
87

ဆာနာ၊ ဇူလိုင် ၂၂

အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

ဟူသီအဖွဲ့က တိုက်ခိုက်ခံရသည့် သင်္ဘောများမှာ Encelia နှင့် Layla ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနကမူ အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Encelia သင်္ဘောတွင် လက်နက်ထိမှန်ကာ သင်္ဘောဦးပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဟူသီအဖွဲ့သည် ယခင်က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ရေတပ်ပိတ်ဆို့မှု ကြေညာခဲ့ပြီး ယင်းလုပ်ရပ်သည် အီရန်၏ ဒေသတွင်းမဟာဗျူဟာဆိုင်ရာ သြဇာလွှမ်းမိုးမှုနှင့် ဆက်စပ်နေကြောင်း လေ့လာသုံးသပ်သူအချို့က ရှုမြင်ထားသည်။

တစ်ချိန်တည်းတွင် အမေရိကန်စစ်တပ်ကလည်း သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်ဖြင့် အီရန်ပစ်မှတ်များကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်၏ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများသည် ၁၂ ညဆက်တိုက် ရှိလာပြီဖြစ်ကြောင်း သိရသည်။

အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ပိတ်ဆို့ထားသည့်အပြင် ပင်လယ်နီဒေသတွင်လည်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု၊ ရေနံဈေးနှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ယင်းအခြေအနေကြောင့် ပင်လယ်နီ၌ သွားလာနေသည့် ရေနံတင်သင်္ဘောအချို့သည် လမ်းကြောင်းပြောင်းလဲခဲ့ကြပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ ဦးတည်မည့် ဆော်ဒီရေနံတင်သင်္ဘော သုံးစင်းသည်လည်း နောက်ကြောင်းပြန်လှည့်ခဲ့ကြောင်း သိရသည်။

Ref: The Straits Times

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here