Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeInternationalပင်တဂွန်ထက်၁၀ဆကြီးသော စစ်ဌာနချုပ် တရုတ်...

ပင်တဂွန်ထက်၁၀ဆကြီးသော စစ်ဌာနချုပ် တရုတ် တည်ဆောက်နေ

တရုတ်နိုင်ငံသည် ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆခန့်ကြီးမားသော စစ်ဌာချုပ်အသစ်ကို မြို့တော်ပေကျင်းအနီးတွင် တည်ဆောက်နေသည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောကြားလိုက်သည်။

မြို့တော်အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဂြိုဟ်တုဓါတ်ပုံများအရ ဧက ၁,၅၀၀ ကျယ်ဝန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရပြီး နျူကလီးယာစစ်ပွဲတစ်ခုဖြစ်လာချိန်တွင် တိုင်းပြည်၏ ထိပ်တန်းစစ်ဘက်အရာရှိများကို ကာကွယ်နိုင်စေရန် ပိုမိုခိုင်ခန့်သော ဘန်ကာများထားရှိနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

“ပေကျင်းစစ်မြို့တော်” ဟု အမည်ပြောင်ပေးထားသော အဆောက်အအုံကြီးပြီးစီးပါက ကမ္ဘာ့အကြီးဆုံး ရုံးဌာနဟု လူသိများသော ပင်တဂွန်ကို တဲပုတ်ဖြစ်သွားစေဖွယ်ရှိသည်။

Financial Times က ရရှိခဲ့သော ဓါတ်ပုံများအရ ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် ၎င်း၏ ရာပြည့်အထိမ်းအမှတ်အတွက် ပြင်ဆင်နေသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စီမံကိန်း၏ အကြီးစားတည်ဆောက်မှုကို ၂၀၂၄ နှစ်လယ်တွင် စတင်ခဲ့သည်ဟု ဖော်ပြသည်။

စီအိုင်အေ၏ တရုတ်ရေးရာဌာန အကြီးအကဲဟောင်း ဒန်းနစ် ဝိုင်ဒါက စီမံကိန်းကို အတည်ပြုနိုင်ပါက အဆောက်အအုံသစ်သည် နျူကလီးယားစစ်ပွဲတိုက်ခိုက်ရေးစွမ်းရည် တိုးတက်စေရန် ပေကျင်း၏ ရည်ရွယ်ချက်ကို ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။

National Geospatial ထောက်လှမ်းရေးအေဂျင်စီမှ ဓါတ်ပုံဆိုင်ရာ လေ့လာသူဟောင်း Renny Babiarz က ဂြိုဟ်တုဓါတ်ပုံများအရ သုံးမိုင်ကျယ်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ဝိုက်တွင် မြေအောက်ဥမင်လိုဏ်ခေါင်းများဖြင့် ချိတ်ဆက်ထားသော မြေအောက်အဆောက်အအုံများကို ဆောက်လုပ်ရာတွင် အထောက်အကူဖြစ်စေသော ကရိန်းအစင်း ၁၀၀ ခန့်တွေ့ရှိရသည်ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်တွင် မြေဈေးကွက်အကျပ်အတည်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစု ရပ်နားထားရချိန်တွင် ယင်းနယ်မြေ၌ ပျားပန်းခတ်အလုပ်များနေခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။

တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နေသော်လည်း တရုတ်ဝက်ဘ်ဆိုက်များတွင်မူ တရားဝင်ဖော်ပြခြင်း မရှိပေ။

လုပ်ငန်းခွင်ရှိရာသို့ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားရာ စီမံကိန်းတွင် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်၍ သိသာမြင်သာသော ပုံစံအခြင်းအရာများ မတွေ့ရပေ။

လုပ်ငန်းခွင်အပြင်ဘက်တွင် ဒရုန်းများကို ပျံသန်းခွင့်မပြုကြောင်းနှင့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ဆိုင်းဘုတ်များဖြင့် သတိပေးထားသည်။ လုပ်ငန်းခွင်နောက်ကျောဘက်တွင် စစ်ဆေးရေးဂိတ်တစ်ခု ချထားပြီး အနီးရှိ လူကြိုက်များသော တောက်တက်လမ်းကို အသုံးပြုခြင်းကို တားမြစ်ထားသည်ဟု ဆိုသည်။

အဆိုပါအခြေစိုက်စခန်းအသစ်သည် နျူကလီးယားတိုက်ခိုက်မှုမှ အကာအကွယ်ယူရန် ကြိုးပမ်းနေသည့် တရုတ်အရာရှိများအတွက် လုံခြုံသောဘန်ကာတစ်ခုအဖြစ် ထမ်းဆောင်ပေးနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက သုံးသပ်ခဲ့သည်။

Ref: တယ်လီဂရပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့် ရေတံခါးများ ဖွင့်ချထား၊

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက် ဩဂုတ်လ ၃ ရက် ည ၈ နာရီမှစတင်ကာ ရေတံခါးများကို ဖွင့်ချထားကြောင်း မြန် မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ တံငါတံတား၏ လက်ရှိရေအမှတ်မှာ ၉၅ ဒသမ ၆ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ နောက်ထပ် ရေ ၃ ပေခန့် ထပ်မံမြင့်တက်လာပါက...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။ B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင်...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071