တရုတ်နိုင်ငံ၏ နှစ်စဉ်နွေဦးပွဲတော် ခရီးသွားလှုပ်ရှားမှုသည် ကမ္ဘာ့ကူးလူးသွားလာမှု အများဆုံးအဖြစ် ယျေဘုယျအားဖြင့် ရက်ပေါင်း ၄၀ ကြာကာလဖြစ်သည်။ တိုးချဲ့ထားသော တရုတ်နှစ်သစ်ကူးအားလပ်ရက်မတိုင်မီ ဖေဖော်ဝါရီလ၂ ရက် နေ့တွင် ခရီးသွားကာလ သည် စတင်ခဲ့ပြီဖြစ်သည်။
တရုတ်ရာသီခွင်တွင် ယခု နှစ်သစ်ကူးသည်မြင်းနှစ်ကျရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက် နေ့ သည် နှစ်သစ်ကူး ကျရောက်ပြီး တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ကိုးရက်ကြာ ရက်ရှည်အားလပ်ရက်တစ်ခုရှိလာမည်ဖြစ်သည်။
တရုတ်စားသုံးသူများစွာသည် တိုင်းပြည်၏ မရေရာသော စီးပွားရေးကြောင့် ငွေသုံးစွဲခြင်းထက် ငွေစုခြင်းကို ပိုမိုနှစ်သက်ကြလိမ့်မည်။
အိမ်ပိုင်ရှင်များသည် နှစ်ပေါင်းများစွာ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ကျဆင်းလာခဲ့သည်။ ကပ်ရောဂါကာလမှစ၍ တိုးတက်မှုအရှိန်အဟုန်နည်းလာခြင်းကြောင့် အလုပ်အကိုင်မရေရာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။ တရုတ်နိုင်ငံသည် ခရီးသွားကာလအတွင်း ခရီးသွားခရီးစဉ် စံချိန်တင် ၉ ဒဿမ ၅ ဘီလျံခန့်ဖြင့် ၂၀၂၅ ခုနှစ်က ၉ ဒဿမ ၀၂ ဘီလျံကို ကျော်ဖြတ်သွားမည်ဟု မျှော်လင့်ထားကြောင်း နိုင်ငံတော်စီမံကိန်းအရာရှိတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးလက်မှတ် မှာယူမှုများသည် ၂၀၂၅ ခုနှစ်ထက် ကျော်လွန်သွားပြီဟု အဓိကခရီးသွားပလက်ဖောင်းများက ဖော်ပြခဲ့သည်။ Flight Master မှ အချက်အလက်များအရ အားလပ်ရက်အတွင်း ပြည်တွင်းလေယာဉ်ခရီးစဉ်များအတွက် မှာယူမှုသည် ဇန်နဝါရီလလယ်အထိတွင် ၄ ဒဿမ ၁၃ သန်းကျော်ရှိကာ ယမန်နှစ်ကထက် ၂၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
လူကြိုက်များသော ပြည်ပခရီးစဉ်များတွင် အရှေ့တောင်အာရှသည် အဓိကနေရာများဖြစ်ပြီး ပြည်ပလေယာဉ်ခရီးစဉ်စုစုပေါင်းတွင် ထိုဒေသက ၅၀ ရာခိုင်နှုန်းနီးပါးရှိပြီး ထိုင်းနိုင်ငံသည် ဦးဆောင်နေရာများထဲတွင် ပါဝင်သည်။ ၂၀၂၅ ခုနှစ်အနှောင်းပိုင်းတွင် တရုတ်နှင့် ဂျပန်အကြား ပထဝီနိုင်ငံရေး အငြင်းပွားမှုပေါ်ပေါက်ခဲ့သောကြောင့် ဂျပန်သို့ ပျံသန်းသည့် ခရီးစဉ်လမ်းကြောင်းများသည် ၄၀ ရာခိုင်နှုှုန်းကျော် ကျဆင်းသွားကြောင်းလည်း Flight Master ကသတင်းရေးသား ဖော်ပြခဲ့သည်။
Ref: ဗွီအင်န် အိတ်စ်ပရက်စ်
