နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွား ၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြ၍ ည ၈ နာရီတွင်မီးငြိမ်းသွားခဲ့သည်။
မီးလေ-ာင်မှုဖြစ်စဥ်အား ငြှိမ်းသတ်နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးမှ လာရောက်ကြည့်ရှုပြီး ဖြစ်စဥ်ကြောင့် နေအိမ်(၆၀)လုံးပျ-က်စီးဆုံးရှုံးကာ (၃၀၈)ဦးမီးဘေးသင့်ခဲ့သဖြင့် တပေါင်းကွင်း၌ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာကူညီမှုများပြုလုပ်ပေးခဲ့သည်။
” မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကိုလည်း နေပြည်တော်ကောင်စီအနေနဲ့ စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးသွားပါမယ်”ဟု နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးက မီးဘေးသင့်သူများကို အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် မီးဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ကုန်များကိုပေးအပ်ပြီး ကယ်ဆယ်ရေးစခန်းအတွက်လိုအပ်သည့် ထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးရန် တာဝန်ရှိသူများကိုမှာကြားသည်။
