နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းများကို တိုင်းနှင့် ပြည်နယ်များအ လိုက်အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၁၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အ စည်းအဝေး၌ မှာကြားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြီး မားနေဆဲဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားစေရေးအ တွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးမှာ အ လွန်အရေးကြီးသည်ဟု ပြောသည်။
” ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့ပြင် လက်ရှိအချိန်၌ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိပြီး အယ်လ်နီညိုနှင့်ပတ်သက်၍လည်း ကြိုတင်သတိပေးထုတ်ပြန်ချက်များထုတ်ပြန်ထားသဖြင့် ဂရုပြုကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဟု မှာကြားသည်။
အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်းကျဆင်းမှုများနှင့် ရေရှားပါးပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လို အပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရမည်ဖြစ်ကာ လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကိုထိန်းသိမ်းကာ ကြို တင်ပြင်ဆင်၍ရသည်များကို ယခုတည်းကပင် စနစ် တကျစဉ်းစားပြင်ဆင်ဆောင်ရွက်ထားရမည်ဟု နိုင်ငံ တော်သမ္မတက မှာကြားခဲ့သည်။
