နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ တက်ရောက်
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့်နေပြည်တော်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတို့ကို ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)နံနက်က ကျင်းပရာ နိုင်ငံတော်သမ္မတနှင် ဇနီးတို့တက်ရောက်ခဲ့ကြသည်။
နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ၌ နေပြည်တော်မြို့တော်ဝန်ကနှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနှင့် နေပြည်တော်မြို့တော်ဝန်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပြည်သူ့လွှတ် တော် ဒု-ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ယဥ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ကတက်ရောက်လာကြသူများကို သပြေခက်ဖြင့်ရေပက်ဖြန်းပေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတက်ရောက်လာကြသူများက သပြေခက်ဖြင့်ရေပက်ဖြန်းပေးခဲ့ကြပြီး နိုင်ငံတော်တေးသံရှင်များ၊ သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နေပြည်တော်ရင်ပြင်ရှိ မြန်မာ့ရိုးရာယဥ်ကျေးမှုဇုန်နှင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များကိုကြည့်ရှုအားပေးခဲ့ကြသည်။
