Wednesday, May 6, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalနေတိုးဝင်ခွင့်ပေးလျှင်,ငြိမ်းချမ်းမည်ဆိုလျှင်နှုတ်ထွက်ပေးမည်--ဇလန်းစကီး

နေတိုးဝင်ခွင့်ပေးလျှင်,ငြိမ်းချမ်းမည်ဆိုလျှင်နှုတ်ထွက်ပေးမည်–ဇလန်းစကီး

သူ ယူကရိန်းသမ္မတအဖြစ်မှ နုတ်ထွက်ပေးရေးသည် နေတိုးစစ်ရေး မဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်မှုကို လက်ခံမည့် အကြောင်းတရားဖြစ်သည်ဆိုလျှင် နုတ်ထွက်ပေးရန် အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှား၏ ကျူးကျော်မှု သုံးနှစ်မြောက် နှစ်ပတ်လည် အကြိုရက်ဖြစ်သော ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်အစိုးရသစ်၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ရင်ဆိုင်နေရသည့် မစ္စတာဇလန်းစကီးက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ မတွေ့ဆုံခင် သူ ထရမ့်ပ်နှင့် ဦးစွာတွေ့ဆုံလိုကြောင်းလည်း ပြောဆိုခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေး အကြောင်းအချက်တစ်ရပ်အနေဖြင့် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် မစ္စတာ ဇလန်းစကီးက တောင်းဆိုနေသော်လည်း ဝါရှင်တန်ဦးဆောင်သော မဟာမိတ်အဖွဲ့က ကတိကဝတ်ပြုရန် တွန့်ဆုတ်နေခဲ့သည်။

“ယူကရိန်း ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော့်ရာထူးက နုတ်ထွက်ဖို့ လိုအပ်တယ်ဆိုရင် အဆင်သင့်ပါပဲ” ဟု ကိဗ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဇလန်းစကီးက ပြောကြားခဲ့ပြီး “ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အလဲအထပ်လုပ်နိုင်ပါတယ်” ဟု ဆိုခဲ့သည်။

အမေရိကနှင့် ရုရှား အစိုးရ အရာရှိများသည် သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်မြင့်အရာရှိအဆင့် ဆွေးနွေးမှုများကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ လုပ်ဆောင်ခဲ့ကြချိန်မှစ၍ မစ္စတာ ထရမ့်ပ်နှင့် မစ္စတာ ဇလန်းစကီးတို့အကြား စကားလုံးတိုက်ပွဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ထိုဆွေးနွေးမှုများသည် ခရမ္မလင်ကို အထီးကျန်စေသည့် အနောက်နိုင်ငံများ၏ မူဝါဒကို ထိခိုက်စေပြီး အစည်းအဝေးမှ ဖယ်ထုတ်ထားမှုအတွက် ယူကရိန်းနှင့် ဥရောပခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သည်။

မကြာခင်ရက်များအတွင်းက မစ္စတာ ထရမ့်ပ်သည် ဇလန်းစကီးကို အာဏာရှင်ဟု သုံးနှုန်းခေါ်ဆိုခဲ့ပြီး ယူကရိန်းကို စစ်ပွဲစတင်သူအဖြစ် စွပ်စွဲခဲ့သကဲ့သို့ ယူကရိန်းခေါင်းဆောင်သည် ပြည်တွင်းတွင် လူကြိုက်မများတော့ဟု အမှီအခိုကင်းသော စစ်တမ်းများနှင့် ဆန့်ကျင်လျှက် ပြောကြားခဲ့သည်။

မစ္စတာ ထရမ့်ပ်၏ မှတ်ချက်များကြာင့် သူ မကျေမနပ် မဖြစ်ပါကြောင်းနှင့် ယူကရိန်းတွင် စစ်အုပ်ချုပ်ရေးဥပဒေပြီးဆုံးချိန်တွင် ရွေးကောက်ပွဲဖြင့် သူ၏ လူကြိုက်များမှုကို အစမ်းသပ်ခံရန် အသင့်ရှိကြောင်း မစ္စတာ ဇလန်းစကီးက ပြောဆိုခဲ့သည်။

“အာဏာရှင်တစ်ယောက်ကတော့ အာဏာရှင်ဆိုတဲ့ စကားလုံးသုံးတာကို စိတ်ဆိုးကြမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဇလန်းစကီးက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071