Monday, December 29, 2025

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃)...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း...

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ...

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရုရှားသံအမတ်ကြီး သင်ခန်းစာလာရောက်ပို့ချ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander...

အင်ဒိုနီးရှားတွင် ဘိုးဘွားရိပ်သာမီးလေ-ာင်၍ လူ ၁၆...

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ မာနာဒိုမြို့ရှိ ဘိုးဘွားရိပ်သာမီးလေ-ာင်ခဲ့သောကြောင့် လူ ၁၆ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်...
HomeInternationalနီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည်

နီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည်

နီပေါနိုင်ငံတွင် မတ်လအတွင်း ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီတွင် လူထုခေါင်းဆောင်နှစ်ဦးသည် မဟာမိတ်ဖွဲ့လိုက်ကြကာ နီပေါနိုင်ငံရေးကို ဆယ်စုနှစ်သုံးခုကျော်ကြာ လွှမ်းမိုးထားသော ဝါရင့်နိုင်ငံရေးပါတီများကို စိန်ခေါ်သွားလိမ့်မည်ဟု ပါတီအရာရှိများနှင့် လေ့လာသုံးသပ်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

လူကြိုက်များသော ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်ဖြစ်ပြီး ဘာလန်ဟု လူသိများသော ရက်ပ်ပါတစ်ဖြစ်လဲ ခတ္တမန္ဒူမြို့တော်ဝန် ဘာလန်ဒရာရှားသည် ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသည့် ရာဘီ လာမီချန်နီဦးဆောင်သော Rastriya Swatantra Party (RSP) သို့မဟုတ် အမျိုးသားလွတ်လပ်ရေးပါတီနှင့် ပူးပေါင်းခဲ့ကြောင်း ပါတီအရာရှိများက ပြောကြားခဲ့သည်။

RSP နှင့် သဘောတူညီချက်အရ မတ်လ ၅ ရက်နေ့ ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက အသက် ၃၅ နှစ်အရွယ် ဘာလန်သည် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကာ မစ္စတာ လာမီချန်နီကမူ ပါတီအကြီးအကဲအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု ၎င်းအရာရှိများက ပြောကြားခဲ့သည်။

နိုင်ငံတွင်အကြီးအကျယ်အဂတိလိုက်စားမှုများကို ဆန့်ကျင်သည့် Gen Z လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများအတွင်း ထုတ်ဖော်ခဲ့သည့် တောင်းဆိုချက်များကို ဖြေရှင်းသွားမည်ဟု ၎င်းတို့နှစ်ဦးစလုံးက ကတိပြုခဲ့သည်။ ထိုဆန္ဒပြပွဲများအတွင်း လူ ၇၇ ဦး ‌ေသဆုံးခဲ့ပြီး ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ သည် နုတ်ထွက်ခဲ့ရသည်။

ဘာလန်နဲ့ သူ့ရဲ့ လူငယ်ထောက်ခံသူတွေကို ပါတီထဲဆွဲခေါ်ခဲ့သော RSP ၏ လုပ်ဆောင်ချက်သည် အလွန်လိမ္မာပါးနပ်ပြီး မဟာဗျူဟာကျ‌ေသာဆောင်ရွက်ချက်ဖြစ်သည်ဟု လေ့လာသူ ဘီပင် အဒီကာရီက ပြောကြားခဲ့သည်။ “အစဉ်အလာနိုင်ငံရေးပါတီတွေဟာ သူတို့ရဲ့ လူငယ်မဲဆန္ဒရှင်တွေ RSP လက်ထဲရောက်သွားမယ့်အရေးကို စိုးရိမ်နေရပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

နီပေါနိုင်ငံ၏ လူဦးရေ သန်း ၃၀ အနက် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၉ သန်းနီးပါးရှိကြောင်း နီပေါရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ဆန္ဒပြပွဲများနောက်ပိုင်းတွင် လူငယ်အများစုပါဝင်သော မဲပေးပိုင်ခွင့်ရှိသူ တစ်သန်းနီးပါး ထပ်တိုးလာခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းအတွက် မဲရုံ စုစုပေါင်း (၃၇၈၄) ရုံ ဖွင့်လှစ်မည်ဖြစ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄,၉၃၈,၈၂၃) ဦးရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး...

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုများအရ USDP က အသာစီးရနေ

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ သိရသည်။ ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်သူ့ပါတီမှာလည်း အပြိုင်အဆိုင်မဲရလဒ်များ ရရှိထားကြောင်းလည်း သိရသည်။ "ကျွန်တော်တို့ပါတီက နေရာတော်တော်များများမှာ အသာစီးရထားပါတယ်" ဟု USDP မှ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောသည်။ ရွေးကောက်ပွဲပထမပိုင်းတွင် ကမာရွတ်၊ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့ပါဝင်ပြီး ယင်းမြို့နယ်များ၌...

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ရုရှားသံအမတ်ကြီး သင်ခန်းစာလာရောက်ပို့ချ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်-မြန်မာသံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy–MDA) ၌ ဖွင့်လှစ်လျက်ရှိသည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov က ဒီဇင်ဘာ ၂၄ ရက်နေ့က သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သိရသည်။ ဧည့်ပါမောက္ခများ ပို့ချမှုအစီအစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး  “Situation in the Asia-Pacific Region” ခေါင်းစဉ်ဖြင့် သင်ခန်းစာဆွေးနွေးပိုချခဲ့ကြောင်း သိရသည်။ အဆိုပါပို့ချမှုအတွင်း အာရှ-ပစိဖိတ်‌ဒေသအတွင်း နိုင်ငံရေး၊ သံတမန်ရေးရာအားပြိုင်မှုများ၊ ပြင်ပနိုင်ငံများမှ သက်ရောက်မှုများ၊ အာဆီယံ၏ အချက်အချာကျမှုနှင့် နှစ်အလိုက် အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်မှုနှင့် အလားအလာများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071