Sunday, August 16, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsFootballနီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။

ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ (၂၆ ) ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

” ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကို ဒီပြိုင်ပွဲ ဖိတ်ခေါ် ပေးတဲ့ အိမ်ရှင်နီပေါ၊ ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့ လက်ဘနွန်နဲ့ ကာဂျစ္စတန်အသင်းတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတ ယ်။ပြိုင်ဘက်အသင်းတွေနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ အသင်းတိုင်းက အကောင်းဆုံးပြင်ဆင် လာတာဖြ စ်လို့ ကျွန်တော်တို့ အသင်းအနေနဲ့လည်း တစ်ပွဲချင်းစီ သေ ချာအာရုံစိုက် ပြင်ဆင်ကာ အသင်းတိုင်းကို လေးလေးစား စားနဲ့ယှဉ်ပြိုင် ကစားသွားပါမယ်”ဟု ယနေ့ ပွဲကြို သတင်း စာရှင်းလင်းပွဲတွင် နည်းပြချုပ် ယုကီတက်ဆုရိုက ပြောကြားသည်။

ထို့ပြင် အသင်းတိုက်စစ်မှူး ဝင်သိင်္ဂီထွန်းက “နီပေါမှာ နော က်ထပ်တစ်ကြိမ် လာကစားခွင့်ရလို့ ကျေနပ်မိပါတယ်။ကျွန် တော်တို့အသင်းက ၂၀၂၄ မှာပြည်တွင်းမှာ ကစားခဲ့တဲ့ ခြေ စမ်းပွဲတွေပဲရှိခဲ့ပြီး ပြည်ပထွက် ကစားတဲ့ နိုင်ငံတကာပွဲတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲဟာ အသင်းအတွက် အထောက် အကူဖြစ်စေမှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းတိုင်းကို အ ကောင်းဆုံး ကြိုးစားကစားသွားမှာပါ”ဟု ဆိုသည်။

လက်ရှိ ဖွဲ့စည်းထားသည့် မြန်မာလက် ရွေးစင်အသင်းတွင် ပြည်ပနိုင်ငံသို့ သွား ရောက်ကစားနေသည့် တိုက်စစ်မှူးများဖြင့် ဖွဲ့ စည်းထားသည်ကို တွေ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၄)ရက် နှင့် (၁၅) ရက် နံနက်ပိုင်းအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြိုင်ပွဲကျင်းပမည့် နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့သို့ နှစ်သုတ်ခွဲ၍ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071