Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeInternationalနိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။

“အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။

သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် တန်းတူညီမျှသည့် ညှိနှိုင်းဆွေးနွေးခြင်းမျိုးကိုမလုပ်ပါက မိမိတို့သွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။

ဆက်လက်၍လည်း တေရန်အနေဖြင့် ပဋိပက္ခကို ရှာနေခြင်းမဟုတ်ဘဲ အကျပ်ကိုင်မှုများကို တွန်းလှန်လိုခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဘယ်သူနဲ့မှလဲ ထိပ်တိုက်မတွေ့ချင်ပါဘူး၊ဒီလိုပြောပေမဲ့ ဖိအားပေးတာ၊ ဒါမှမဟုတ်အနိုင်ကျင့်တာမျိုး‌တွေကိုတော့လည်း ငြိမ်ခံနေမှာမဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ကန်သမ္မတကမူ အီရန်နှင့်ပထမအကြိမ်ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရှိသည်ဟုပြောကြားခဲ့ပြီး နောက်တစ်ဆင့်အတွက်မှာမူ အချိန်အနည်းငယ်လိုနေသေးသည်ဟုဆိုခဲ့သကဲ့သို့ အီရန်ဘက်ကလဲ ၎င်းတို့အနေဖြင့် အမေရိကနှင့်ဆွေးနွေးလျှင် အမေရိကဘက်မှ အီရန်အပေါ်လုပ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်ခေါင်းဆောင်ထံ အမေရိကန်သမ္မတကဆွေးနွေးရန်ကမ်းလှမ်းစာတစ်စောင်ကို မတ်လအစောပိုင်းကပေးပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးကြခြင်းဖြစ်သည်။ အမေရိကန်သမ္မတကမူ ၎င်း၏ကမ်းလှမ်းမှုကို ပယ်ချပါက စစ်ရေးအရအရေးယူသွားမည်ဟုလည်း သတိပေးခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071