Sunday, September 20, 2026

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...
HomeNewsLocal Newsနိုင်ငံရေးပါတီများအားမကောင်းပါက ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်မဖြစ်နိုင်၍ ပြည်သူများကိုယ်တိုင်...

နိုင်ငံရေးပါတီများအားမကောင်းပါက ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်မဖြစ်နိုင်၍ ပြည်သူများကိုယ်တိုင် ယုံကြည်ပူးပေါင်းစေလိုဟု ဦးကိုကိုကြီးပြောကြား

ပါတီစုံဒီမိုကရေစီတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာအရေးကြီးပြီး နိုင်ငံရေးပါတီများ အားမကောင်းပါက ပါတီစုံဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်မဖြစ်နိုင်သဖြင့် နိုင်ငံရေးပါတီများ အားကောင်းရန် ပြည်သူများကိုယ်တိုင် နိုင်ငံရေးပါတီများအပေါ်တွင် ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိစေလိုသည်ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့က နေပြည်တော်၌ကျင်းပသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

NSPNC နှင့်တွေ့ဆုံဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးပြီးသဘောထားစုစည်းချက်အားလုံး(၄၃)ချက်ရှိကာ တစ်ထိုင်တည်းဆုံးဖြတ်၍ မရဘဲ ဆက်လက်ဆွေးနွေးရမည့် အချက်(၇) ချက်ရှိနေသဖြင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ပြင်ဆင်သင့်သည်ဟု ထပ်မံအဆိုပြုထားသောအချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုသည်။

” ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ ရုတ်တရက်တော့ သိသာမြင်သာမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံးပွင့်လင်းရင်းနှီးစွာနဲ့ အကျေအလည်ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ ဒီဆွေးနွေးမှုတွေကတစ်ဆင့် တိုးတက်မှုတွေလည်းရရှိထားပါတယ်။ ဒီတိုးတက်မှုတွေကို ပြည်သူတွေသိရှိစေဖို့ အသိပေးခြင်းဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံတွင် အမြင့်ဆုံးဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်၍ ယင်း ဥပဒေ၏ သဘောတရားသည် ကျင့်သုံးရင်းနှင့် လိုအပ်ချက်များ၊ အားနည်းချက်များရှိပါက တဖြည်းဖြည်းပြင်ဆင်ကာ ကောင်းသထက်ကောင်းအောင် ကြိုးစားကြရခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့် ရွှေတိဂုံပုံတူစေတီတော်တည်ထားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့် သာသနိကအဆောက်အဦများအား ယခင် နယ်ခြားစောင့်တပ်အ ထွေထွေအတွင်းရေးမှူး(ဟောင်း)ဦးစောချစ်သူ ကမတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ဗျူဟာကုန်း၌ ရွှေတိဂုံပုံတူစေတီတော်အပြင် သစ်တံခါးဆရာတော်ကြီး၏ နည်းနာနိဿယဖြစ်သော ညောင်ဆယ်ပင်အဓိဌာန်စခန်းနှင့် သာသနိကအ ဆောက်အအုံများကိုလည်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ Photo- ကိုနေနော်(မြဝတီ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071