Sunday, June 28, 2026

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး...

ဥရောပအပူလှိုင်းဒဏ်ကြောင့် ပြင်သစ်တွင် သေဆုံးသူ ၁,၀၀၀...

ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိထုတ်ပြန်ထားသည့်...

ရန်ကုန်တိုင်းရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများအား မြေကွက်ချထားပေးရေး...

မနက်ဖြန် ဇွန် ၂၉ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)၌ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာဂဒေသ လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး၊...

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို သွားလမ်းတစ်လျှောက် လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မကျန်ကျေးရွာနှင့်...
HomeMoviesနိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့သည့် ကျောင်းသုံးစာအုပ်နှင့်...

နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပူတာအိုသို့ ထပ်မံရောက်ရှိ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီးသည် ယမန်နေ့ ညနေပိုင်းတွင် ပူတာအိုမြို့သို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသုံးပစ္စည်းများကို မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း သယ်ဆောင်ပို့ဆောင်လာခြင်းဖြစ်ပြီး၊ ရောက်ရှိလာသည့် ပစ္စည်းများအား သိုလှောင်ရုံတွင် စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သိုလှောင်ရုံသို့ ရွှေ့ပြောင်းသယ်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ပစ္စည်းများ သိုလှောင်ရုံသို့ စနစ်တကျ ရောက်ရှိရေးနှင့် ထိန်းသိမ်းထားရှိရေး လုပ်ငန်းစဉ်များကို ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပေကျင်းမြို့၏ အမြင့်ဆုံးအဆောက်အအုံကို လေယာဉ်ငယ်ဝင်တိုက်မှု စုံစမ်းစစ်ဆေးနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ အမြင့်ဆုံးအဆောက်အအုံဖြစ်သည့်CITIC Tower (China Zun) ကို ဇွန် ၂၆ ရက် ညနေပိုင်းက အင်ဂျင်တစ်လုံးတပ် လူနှစ်ယောက်စီး လေယာဉ်ငယ်တစ်စင်း ဝင်ရောက်တိုက်မိခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်တွင် မပါဝင်သည့် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ လေကြောင်းပိုင်နက်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပေကျင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ရှားပါးလေကြောင်းမတော်တဆမှုတစ်ခုဖြစ်ကြောင်း သိရသည်။ ချောင်ယန်ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဇွန် ၂၆ ရက် ညနေ ၅ နာရီ...

ဥရောပအပူလှိုင်းဒဏ်ကြောင့် ပြင်သစ်တွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာ

ဥရောပတစ်ဝန်း ပြင်းထန်သော အပူလှိုင်းကျရောက်မှု၏ အကျိုးဆက်အဖြစ် ပြင်သစ်နိုင်ငံတွင် သေဆုံးသူ ၁,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိထုတ်ပြန်ထားသည့် ကိန်းဂဏန်းမှာ ကနဦးစာရင်းသာဖြစ်ပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများနှင့် နေအိမ်များတွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုအချက်အလက်များ ထပ်မံရရှိလာပါက သေဆုံးသူအရေအတွက်မှာ ယင်းထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားသည်။ သေဆုံးသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ဥရောပတစ်ဝန်းတွင် စံချိန်တင်အပူချိန်များကြောင့် အပူဒဏ်ခံစားရမှုများ မြင့်တက်လာသည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ အနှောင့်အယှက်ဖြစ်ပေါ်ခြင်းနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ ဇွန် ၂၀...

ရန်ကုန်တိုင်းရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများအား မြေကွက်ချထားပေးရေး အစီအစဉ်ရှိ/မရှိ ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းမည်

မနက်ဖြန် ဇွန် ၂၉ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့)၌ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော နိုင်ငံ့ဝန်ထမ်းများအား မြေကွက်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြယ်ပွင့်ပြမေးခွန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက မေးမြန်းသွားမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်သက်နှစ်(၃၀)အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်းများအတွက် မြေကွက်ချထားပေးရေး အစီအစဉ်များရှိ/မရှိကို တိုင်းဒေသကြီးအစိုးရထံ မေးမြန်းသွားမည်ဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071